လူအင်အားနှင့် နည်းပညာအရင်းအမြစ်များ ထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။

ချိတ်ဆက်လိုု့ လူသိများတဲ့ မြန်မာနိုင်ငံ၏ အလွတ်တန်းပညာရှင် (freelancers) များကို ချိတ်ဆက်ပေးနေသော လုုပ်ငန်းဟာ စင်ကာပူရှိ Angel Investors များထံမှာ ဒေါ်လာသိန်းဂဏန်းတန်ဖိုးရှိ Pre-Series A ရင်းနှီးမြုပ်နှံမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

Willy Ballmann နှင့် Keizo Fujitake တို့ ဦးဆောင်လိုက်တဲ့ ရင်းနှီးမြုပ်နှံမှုမှာ လွန်ခဲ့သော ၂နှစ်မှ ကုမ္ပဏီ၏တန်ဖိုးကို ၆ဆ မြင့်တက်စေခဲ့ပါတယ်။

ဟန်နီမြဝင်းနှင့်ရွှေရည်မြဝင်း ညီအမနှစ်ယောက် စတင်တည်ထောင်ခဲ့တဲ့ ချိတ်ဆက် ဆိုတာဟာ မြန်မာနိုင်ငံရှိ အလွတ်တန်းပညာရှင်လို့ ခေါ်ဆိုနိုင်တဲ့ Freelancer တွေအတွက် ပိုုမိုုကောင်းမွန်သော အလုုပ်အကိုင်အခွင့်အလမ်းများကိုု ၂၀၁၆ခုုနှစ်ကတည်းက ဖော်ထုုတ်ပေးနေသော နည်းပညာအခြေပြု လုုပ်ငန်းတစ်ခုုဖြစ်ပါတယ်။

 

အခုုဆိုုရင်  Chate Sat က မြန်မာနိုု်င်ငံ၏ အလွတ်တန်းပညာရှင် (freelancers)များ ဈေးကွက်တွင် ဈေးကွက်ဦးဆောင်သူအဖြစ်ရှိနေပြီး လုုပ်ငန်းများအတွက်လိုုအပ်သော web and mobile developers များ၊ designers များ၊ digital marketers များ၊ content writers များ၊ animators များ၊ photographers များနှင့် promoters များ စသည့် အချိန်ပိုင်းအလုပ်အမျိုးအစားမျိုးစုံုကိုု လုုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနေတဲ့ နည်းပညာအခြေပြု Platform တစ်ခုလဲ ဖြစ်ပါတယ်။

Photo: Chate Sat

 

 

Chate Sat မှာ ရင်းနှီးမြုပ်နှံခြင်းအားဖြင့် မြန်မာနိုုင်ငံရဲ့ နည်းပညာအခြေပြု စွန့်ဦးတည်ထွင်မှု ပတ်ဝန်းကျင်ကိုု ပိုုမိုုအားကောင်းလာစေရန် တစ်ဖက်တစ်လမ်းက အကျိုးပြုနိုုင်မယ်လိုု့ ယုံုကြည်ပါတယ်။ Chate Sat ရဲ့  ဈေးကွက်ကိုု ဦးဆောင်နေတဲ့အခြေအနေဟာဆိုုရင် အနာဂတ်မှာ မြန်မာနိုုင်ငံရဲ့ အလွတ်တန်းဈေးကွက်ရဲ့ အဓိကနေရာဖြစ်လာနိုင်ပါတယ် ”လိုု့ Willy Ballmann မှ ဆိုပါတယ်။ Willy Ballmann ဟာ စင်ကာပူ အစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း GIC ၏ Portfolio Manager အဖြစ်လည်းကောင်း၊ Dymon Asia Capital တွင် Managing Partner နှင့် COO ရာထူးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင်တော့ သီးသန့်ရင်းနှီးမြှုပ်နှံသူတဦးအဖြစ် ရပ်တည်နေပါတယ်။ Keizo Fujitake ကတော့ ယခင် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် ဖြစ်ခဲ့ပါတယ်။

 

ချိတ်ဆက်ဟာ အဆိုပါ ဒေါ်လာသိန်းဂဏန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဖြင့် မဲခေါင်ဒေသ (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) အတွင်း ထိပ်တန်း freelance platform တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ရန် အားထုတ်သွားမှာဖြစ်ပါတယ်။ ထို့အပြင် ချိတ်ဆက်၏ အလျင်အမြန်တိုးတက်မှုများကို အထောက်အကူပြုရန်နှင့် အလွတ်တန်းဈေးကွက်တွင် ယှဉ်ပြိုင်မှုအနေအထားများကို ခြေကုပ်ယူနိုင်ရန် လူအင်အားနှင့် နည်းပညာအရင်းအမြစ်များ ထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။

 

ကျွန်မတို့ရဲ့ မျှော်မှန်းချက်, စိတ်အားထက်သန်မှုနဲ့ အလားအလာတွေကို နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုကျတဲ့အတွက် အားရဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ freelance community ကို ပံ့ပိုးပြီး မြေတောင်မြှောက်ပေးနေတဲ့ ချိတ်ဆက်အနေနဲ့ အချိန်တိုအတွင်းမှာ များစွာသောတိုးတက်မှုတွေရရှိခဲ့ပြီး ဒီနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့အလျောက် အားသာချက်တွေနဲ့အတူ ကျွန်မတို့ရဲ့ အယူအဆတွေကို သက်သေပြနိုင်ခဲ့ပါတယ်။” လို့  Technoholic ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ မဟန်နီမြဝင်းမှ ပြောကြားပါတယ်။ သူမမှဆက်လက်ပြီး “ချိတ်ဆက် ခရီးစဉ်တလျှောက်လုံးမှာ Investor တွေဆီကလည်း စဉ်ဆက်မပျက်ထောက်ပံ့မှုတွေ ရရှိခဲ့သလို ဒီလို ခက်ခဲတဲ့စီးပွားရေးအခြေအနေမှာတောင် ကျွန်မတို့ချိတ်ဆက်ရဲ့တန်ဖိုးကို အသိအမှတ်ပြုခြင်းခံရတဲ့အတွက် အရမ်းလည်းအားရှိပါတယ်။” လို့ ထပ်မံပြောကြားပါတယ်။

 

ချိတ်ဆက်ဟာ ဖန်တီးရာ Accelerator အမှတ်စဉ် ၁ မှ အောင်မြင်ခဲ့သော startup တစ်ခုဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလ Accelerator အမှတ်စဉ် ၁ ၏ ပထမဆုံးနေ့တွင် www.chatesat.com ကို စတင်လွှင့်တင်ခဲ့ပါသည်။ ၆လတာ အနီးကပ် Program အပြီး၊ ၂၀၁၇ ဂျူလိုင်လတွင် စင်ကာပူအခြေစိုက် Seed Myanmar (ယခင် Vulpes Investment Management), Theta Capital နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူတစ်ဦးတို့ထံမှ ကနဦးရင်းနှီးမြှပ်နှံမှု seed funding ကို ရရှိခဲ့ပါသည်။

 

၂၀၁၆ခုနှစ် စတင်လွှင့်တင်ထဲက ချိတ်ဆက်ရဲ့ တိုးတက်မှုကို အရမ်းကျေနပ်အားရမိပါတယ်။ ချိတ်ဆက်က လက်ရှိ မြန်မာမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံး နည်းပညာကုမ္ပဏီတွေထဲက တခုဖြစ်ပြီး ခုထပ်မံရရှိလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာဆိုရင် ချိတ်ဆက်ရဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ အောင်မြင်ဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်ဆိုတာကို သက်သေထူလိုက်တာပဲဖြစ်ပါတယ်” လို့ ချိတ်ဆက်၏ ပထမဆုံး investor ဖြစ်သူ ဖန်တီးရာမှ စီအီးအို Jes Kaliebe Petersen မှ ပြောကြားပါတယ်။ ယခုနှစ်အတွင်းလည်း လက်ရှိရင်းနှီးမြုပ်နှံမှု Pre-Series A round ကို အပြီးသတ်ရရှိရန် ပစ်မှတ်ထားပြီးဖြစ်ပါတယ်။

Photo : Chate Sat Facebook

 

Chate Sat ရဲ့ ဝန်ဆောင်မှုကိုု အသုံုးပြုနေသော လုုပ်ငန်းရှင်များဟာဆိုုရင် မြန်မာတစ်နိုုင်ငံထဲမှာသာမက ထိုုင်းနိုုင်ငံ၊ မလေးရှား၊ စင်ကာပူနှင့် အနောက်နိုုင်ငံများကပါ ပါဝင်နေပါတယ်။ လက်ရှိ ချိတ်ဆက် (Chate Sat) တွင် နေရာဒေသစုံမှ လုပ်ငန်းရှင် များရဲ့ Project များအတွက် အလွတ်တန်း ပညာရှင် (Freelancer) ၁၄၀၀၀ ကျော် မှတ်ပုံတင်ထားကြောင်း သိရရှိရသည်။

 

Share

Loading Next Article...
က္က