မြန်မာနိုင်ငံ၏ ပထမဦးဆုံး နည်းပညာ Startup Accelerator တစ်ခုဖြစ်သော ဖန်တီးရာ Accelerator မှ စီးပွားရေးလုပ်ငန်းအကြံဉာဏ်ရှိရုံဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်သော Startup Challenge 2018 အား ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖန်တီးရာတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Photo: Startup Challenge 2018

 

Startup Challenge ဟာ (၉)ရက်ကြာ ကျင်းပမည့် ပြိုင်ပွဲ ဖြစ်ပြီး စွန့်ဦးတည်ထွင်သူများက အဖွဲ့ဖွဲ့ကာ အကောင်းဆုံး နည်းပညာဆိုင်ရာ စီးပွားရေး လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ကြိုးစားရမည်ဖြစ်သည်။ ဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀ ကျော်ရရှိမည်ဖြစ်ကြောင်းသိရသည်။ ပါဝင်ယှဉ်ပြိုင်မည့်သူများသည် မတူညီသော ကဏ္ဍ (၃) ခု ထဲမှ ရွေးချယ်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျွမ်းကျင်သော နည်းပြများနှင့် အလုပ်ရုံဆွေးနွေးပွဲ နှင့် မိမိတို့လုပ်ငန်းတို့ကို ရှင်းပြခြင်း(Pitching) တို့ ပါဝင်မည်ဖြစ်သည်။ ဇူလိုင်လ ၂၉ ရက်နေ့တွင် မိမိတို့ လုပ်ငန်း၊ အိုင်ဒီယာ တို့၏ တိုးတက်မှု နှင့် နောက်ဆုံးအခြေအနေ ကို ပြည်တွင်းပြင်ပ ပညာရှင်များရှေ့တွင် တင်ဆက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး ယင်းတို့မှ အနိုင်ရရှိမည့် အသင်းအား ရွေးချယ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

"ကျွန်တော်တို့ startup challenge ကိုလုပ်တာ အခု ၂၀၁၈ ခုနှစ်ပွဲနဲ့ ဆိုရင် ၃ ကြိမ်တိုင်တိုင် ရှိပြီဖြစ်ပါတယ်။ လုပ်တဲ့ အကြိမ်တိုင်းမှာလည်း တစ်နှစ်ထက်တစ်နှစ် လူတွေ ပိုမိုတက်ရောက်လာတယ်။ သူတို့လုပ်ချင်တဲ့ နည်းပညာအခြေပြု စီးပွားရေး လုပ်ငန်းတွေရဲ့ အိုင်ဒီယာတွေ လည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ အခုပွဲက ပြိုင်ပွဲ လုပ်ပြီး အနိုင်ရရှိတဲ့ အသင်းကို ဆုပေးရုံတင်မဟုတ်ပဲ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တစ်ကယ် စတင်လုပ်ကိုင်နိုင်အောင်ပြုလပ်ပေးမယ့် ဖန်တီးရာ Accelerator ရဲ့ Pre-Accelerator အစီအစဉ်ကို လည်း ပါဝင်ခွင့်ရမှာ ဖြစ်လို့အကောင်ဆုံးအခွင့်အရေးတစ်ခုဖြစ်ပါတယ်" လို့ ဖန်တီးရာ၏ CEO ဖြစ်သူ Mr.Jes Kaliebe Petersen က ပြောပါတယ်။

 

Startup Challenge ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ နည်းပညာစီးပွားရေး လုပ်ငန်းများ ပိုမိုများပြားလာစေရန် အတွက် တွန်းအားပေးရန်ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။ ဝင်ရောက်ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲအတွင်း အခြားသော နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိပညာအတတ်ပညာများကိုလည်း လေ့လာသင်ယူခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ "ယခုနှစ်မှာတော့ Tech for Farm, Tech for Life, Tech for Company ဆိုပြီး Themes အမျိုးအစားခွဲခြားပြီး Themes တစ်ခုစီအတွက် အကောင်းဆုံး စီးပွားရေးလုပ်ငန်း အိုင်ဒီယာများကို ရွေးချယ်သွားမှာဖြစ်တယ်" လို့ ဖန်တီးရာ ၏ Entrepreneurship Manager ကိုအာကာဖြိုး ကပြောပါတယ်။

Photo : Arkar Phyo from Phandeeyar

 

Themes ၃ ခုအလိုက် ပထမ နှင့် ဒုတိယ ရရှိသော အသင်းများအား ဆုပေးမည်ဖြစ်ပြီး ပထမ ရရှိသော အသင်းသည် ဆုကြေးငွေ ဒေါ်လာ ၃၀၀၀၊ ဒုတိယ ရရှိသော အသင်းသည် ဒေါ်လာ ၂၀၀၀ ရရှိမည်ဖြစ်သောကြောင့် ပြိုင်ပွဲတစ်ခုလုံးတွင် ဆုချီးမြှင့်မည့် ငွေသား စုစုပေါင်းမှာ ဒေါ်လာ ၁၅၀၀၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အဆိုပါ အသင်းများသည် ဖန်တီးရာ Pre-Accelerator အစီအစဉ် ကိုလည်း ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

Share

Loading Next Article...
က္က