အိုင်ဒီယာသစ်ကြောင့် ထင်ရှားခဲ့ကြတာပါ

၂၀၁၇ startup များဇာတ်လမ်းအကျဉ်းထဲမှာ ထင်ရှားခဲ့တာတွေကတော့ Uber ၊ Snap နဲ့Blue Apron လို ဒေါ်လာဘီလျံချီတန်တဲ့  unicorn တွေရဲ့ အရှုံးနဲ့အရှုပ်အထွေးတွေအကြောင်းက များပါတယ်။ တကယ်တမ်း ဒေါ်လာ ဘီလျံတန်တဲ့ unicorn တွေအကြား ထိုးထွက်လာတဲ့ startups တွေအကြောင်း ပြန်ကြည့်ကြ မယ်ဆိုရင်တော့ စိတ်ဝင်စားစရာ startup ၇ ခုကို စာရင်းပြုစုနိုင်မှာပါ။

 

(၁) Amazon အတွက် ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Brandless

Capture.PNG 

တံဆိပ်မရှိလို့အဓိပ္ပါယ်ရတဲ့ Brandless ကို အီဒို လက်ဖ်လာနဲ့တီနာ ရှာကီတို့က ပူးတွဲ တည်ထောင်ခဲ့တာပါ။ ဇူလိုင်လထဲမှာ စတင်ပြီး ဆော့စ်ချဉ်ကနေ အိမ်သာသုံးစက္ကူအထိ အစုံပလုံ အွန်လိုင်းမှာ တင်ရောင်းရာကနေ လူသိများလာတဲ့ startup တစ်ခုလည်း ဖြစ်ပါတယ်။ brand ပါ ထုတ်ကုန်တွေထက် ဈေးပိုချိုပြီး ကုန်အမှတ်တံဆိပ် အခွန်ခ ပေးစရာလည်း မလိုတာကလည်း ဒီ startup ရဲ့ဆန်းသစ်တဲ့ မူပါ။ အခုဆို ဒီလုပ်ငန်းမှာ Cowboy Ventures ၊ Redpoint Ventures နဲ့Google Ventures တို့လို ရင်းနှီးမြှပ်နှံသူများကနေ ဒေါ်လာ သန်း ၅၀ ထည့်ဝင်ထားပါတယ်။

 

(၂) တာထွက်အကောင်းဆုံးနဲ့ပွဲဝင်လာခဲ့တဲ့ LimeBike

brad  toby.jpg 

LimeBike ဆိုတာကတော့ စက်ဘီးငှားတဲ့ ကွန်ရက်တစ်ခုပါ။ သိပ်ကို ရိုးရှင်းပြီး အံ့သြဖို့ကောင်းတဲ့ ရှေ့ပြေးစီးပွားရေးမော်ဒယ်တစ်ခုဆိုလည်း မမှားပါဘူး။ ယာဉ်ကြောကြပ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုဘဝကို စက်ဘီးစီးပြီး သွားလာနိုင်အောင်လို့app သက်သက်ထုတ်ထားတာပါ။ ပုံမှန် ဘတ်စ်စီးပြီး ရုံးသွား အလုပ်သွားလုပ်ရသူများအတွက် ဒီအက်ပလီကေးရှင်းလေးက ထူးခြားနေပါတယ်။ ကုမ္ပဏီစထောင်ချိန်က ၂၀၁၇ မတ်လ ၊ အခုဆို ဒေးလာ ၆၂ သန်း funding ရနေပါပြီး တကယ်တမ်း ဈေးကွက်မှာတော့ ဒီကုမ္ပဏီရဲ့တန်ဖိုးက ၂၂၅ သန်းတန်နေတာကြောင့် ၂၀၁၇ ခုနှစ်ထဲ စခဲ့တဲ့ startup တွေထဲမှာ တန်ဖိုးအကြီးဆုံး စာရင်းဝင် startup လို့ဆိုနိုင်ပါတယ်။

 

(၃)  cloud server တွေနဲ့ဆိုင်ဘာလုံခြုံရေးပေးနေတဲ့ Obsidian Security

Obsidian_Blue_Stacked_(4).jpg 

မတ်ဝုဖ် ၊ ဂလန်းချစ်ဟိုလန်နဲ့ဘန် ဂျွန်ဆင်တိုု့တည်ထောင်ထားတဲ့ Obsidian Security ကတော့ hybrid cloud စနစ်တွေကို လုံခြုံမှုပေးဖို့machine learning နဲ့AI စနစ်ကို သုံးပါတယ်။ ဆိုင်ဘာလုံခြုံရေးဈေးကွက်မှာ ဒီ startup အနေနဲ့ရပ်တည်ဖို့အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒီနေ့အချိန်မှာတော့ ဒီလုပ်ငန်းကို Funding ပေးတဲ့ ငွေ ဒေါ်လာ ၉.၅ သန်း ရှိပြီး လုပ်ငန်းတန်ဖိုး ဒေါ်လာ ၂၇ သန်း တန်နေပါပြီ။

 

(၄) ကျန်းမာရေးစောင့်ရှောက်မှုနဲ့တန်ဖိုးအကြီးဆုံး startup တစ်ခု ဖြစ်လာတဲ့ Devoted Health

the-highest-valued-devoted-health.jpg 

ဆေးနဲ့ကျန်းမာရေးအာမခံကုမ္ပဏီတစ်ခု ဖြစ်ပြီး ီနှစ်ထဲမှာ အထင်ရှားဆုံး startup တွေထဲက တစ်ခုပါ သက်ကြီးရွယ်အိုများ ဆေးဝါးစောင့်ရှောက်မှု ပေးဖို့ရည်ရွယ်ချက်နဲ့မေလထဲမှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ မှာ ထောင်ခဲ့သမျှ startup တွေထဲမှာ တန်ဖိုးအကြီးဆုံး လုပ်ငန်းလည်း ဖြစ်ပါတယ်။ PitchBook ရဲ့ စစ်တမ်းမှာတော့ ဒေါ်လာ ၂၉၅ သန်း တန်တယ်လို့ဆိုပါတယ်။ ဒီလုပ်ငန်းကို ပြင်ပကနေ ရင်းနှီးမြှပ်နှံတဲ့ ပမာဏကလည်း ဒေါ်လာ ၆၇.၄၁ သန်း ရှိပါတယ်။

 

(၅) AI နည်းပညာကို လုပ်ငန်းခွင်ထဲ ထည့်သွင်းလာတဲ့ Socrates AI

the-most-likely-to-make-your-life-easier-socrates-ai.jpg 

ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ HR ဌာနတွေ နဲ့စနစ်တွေအကြောင်း သိချင်တယ်ဆိုရင် ကူညီပေးနိုင်ဖို့တီထွင်ခဲ့တာပါ။ Socrates AI ဉာဏ်ရည်တုနည်းပညာမှာ chatbot တွေ အကူအညီနဲ့ကုမ္ပဏီတွေရဲ့ လက်ရှိ စနစ်အကြောင်း မေးမြန်းပြောဆိုနိုင်မှာပါ။ဒီနည်းနဲ့အလုပ်ခွင် ဆက်သွယ်ရေးသုံး Socrates AI ကလည်း ဒေါ်လာ ၄၄ သန်းတန် startup ဖြစ်လာခဲ့ပါတယ်။ ဒီ startup ကို Venrock ကနေ ဒေါ်လာ ၁၆ သန်း ထည့်ဝင်ထားပါတယ်။

 

(၆) အင်တာနက် ဆင်ဆာကျော်ပြီး သုံးခွင့်ပေးထားတဲ့ Orchid Labs

a-startup-model-for-the-future-orchid-labs.jpg 

Orchid Labs ကို အနာဂါတ် startup model တစ်ခု အဖြစ် တင်စားထားပါတယ်။ blockchain နည်းပညာကို အခြေခံပြီး ဒစ်ဂျစ်တယ်လယ်ဂျာစနစ်ကနေ ဘစ်ကွိုင်လို လျှို့ဝှက်ငွေကြေးအထိ Orchid Labs က ပံ့ပိုးပေးမှာပါ။ နောက်တစ်ခုက လုပ်ငန်းခွဲ ငွေရင်းတည်တဲ့ SAFT ဆိုတဲ့ အနာဂါတ်တိုကင်စနစ်ကိုလည်း ဒီ startup က စတင် သုံးစွဲခဲ့ပါတယ်။ SAFTစနစ်မှာတော့ startup တစ်ခုမှာ ရင်းနှးမြှပ်နှံထားသူဟာ တစ်ချိန်ချိန်မှာ cyber token လို့ခေါ်တဲ့ ငွေလဲလှယ်ရေးစနစ်နဲ့ဒီရဲ့ ဝန်ဆောင်မှုတွေ သုံးနိုင်တော့မှာပါ။ ဒီနည်းနဲ့ဆိုင်ဘာတိုကင်တွေကလည်း တန်ဖိုးရှိလာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလုပ်ငန်းပေါ် ရင်းနှီးမြှပ်နှံထားတဲ့ ငွေပမာဏက ဒေါ်လာ ၄.၇ သန်း ပဲ ရှိပြီး ကုမ္ပဏီကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလထဲကမှ တည်ထောင်ခဲ့တာပါ။

 

(၇) အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးရဲ့ ပထမဆုံး စမတ်ဖုန်း Essential

the-most-high-profile-founder-essential.jpg 

ကမ္ဘာ့အသုံးအများဆုံး Android OS စနစ်ကို ဖန်တီးခဲ့သူ ၃ ဦးအနက် ၁ ဦးအပါအဝင် အန်ဒီရူဘင်ရဲ့ Essential Inc ဟာ ၂၀၁၈ မှာ စိတ်လှုပ်ရှားစရာ စမတ်ဖုန်းသစ်တွေ မိတ်ဆက်သွားမှာပါ။ ဒီနှစ်မှာပဲ ကမ္ဘာ့စမတ်ဖုန်းလောကကို ကိုင်လှုပ်ခဲ့တဲ့ Essential PH-1 ကို မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ဈေးကွက်မဝင်ခင်ကလေးမှာ ပြဿနာအရပ်ရပ် တက်ခဲ့ပြီး funding တွေ ပြန်ထုတ်ခံရသလို ပရီမီယံအဆင့်ရှိ တန်ဖိုးကြီး Essential PH-1 ဈေးကွက်ထဲ အဝင်နောက်ကျတာတွေကြောင့် ထင်သလောက် မအောင်မြင်သေးပေမယ့် လေးစားလောက်တဲ့ startup ပါ။ ဒီနေ့ချိန်မှာ သန်း ၃၃၀ တန် startup ဖြစ်ပြီး နောက်ထပ်လည်း စမတ်ထုတ်ကုန်သစ်တွေကို Essential ကနေ ဆက်ထုတ်သွားဦးမှာမို့အလေးအနက် စောင့်ကြည့်ရမယ့် startup တစ်ခုလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က