AD
AD
AD

မြန်မာနိုင်ငံ ICT နယ်ပယ်မှ စွန်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ startup တည်ထောင်သူ လူငယ်လူလတ်ပိုင်းများအတွက် အစ္စရေးနိုင်ငံမှာ ကျင်းပမယ့်  DLD Israel 2017 သို့ ရက်သတ္တပတ် တက်ခွင့်ရမယ့် Startup Israel 2017 ပထမဆုကို စားသောက်ဆိုင်များ ရှာပေးမယ့် Shwe Bite app မှ ရရှိသွားပါတယ်။

play
အစ္စရေးသံရုံး တာဝန်ရှိသူများနှင့်အတူ

 

ဒုတိယအကြိမ် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးတို့ ပူးပေါင်းကျင်းပသွားတဲ့ ဒုတိယအကြိမ် Startup Israel 2017 မှာ ဆုရရှိသွားတဲ့ Shwe Bite ပရောဂျက်အဖွဲ့ ဟာ လာမယ့် စက်တင်ဘာလထဲမှာ တစ်ပတ်ကြာ ကျင်းမယ့် DLD Israel 2017 ပွဲကို အစ္စရေးနိုင်ငံရဲ့ အထောက်အပံ့နဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

Shwe Bite App ဟာ စားသောက်ဆိုင်များကို ရှာပေးသွားမယ့် အက်ပလီကေးရှင်းဖြစ်ပြီး ဈေးကွက်ထဲမှ တစ်ခြား စားသောက်ဆိုင်ရာ အက်ပလီကေးရှင်းများနဲ့ မတူ ထူးခြားတဲ့ ပုံစံများ ထည့်သွင်းထားတယ်လို့ Startup Israel 2017 ဆုရှင် Shwe Bite app ကို ရေးဆွဲခဲ့သည့် IT Profile Software Development ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးမိုးထက်ကျော်က ဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ က MICT Park ထဲမှာ ကျင်းပသွားတဲ့ Startup Israel 2017 ဆုပေးပွဲမှာ ဒုတိယဆုအဖြစ် ဒေါ်လာ ၄၀၀ ၊ တတိယဆု ဒေါ်လာ ၂၀၀ တို့ ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

(ဆက်စပ်သတင်း ဖတ်ရန် ။ အစ္စရေးနိုင်ငံကို တစ်ပတ်ကြာ လေ့လာခွင့်ရမယ့် Startup Israel 2017 ဆုပေးပွဲကျင်းပမည်။)

Photos & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD