AD
AD
AD

မြန်မာနိုင်ငံနည်းပညာအခြေပြု startups တွေ ဒီဘက်နှစ်တွေမှာ ပိုပြီး ခပ်စိပ်စိပ်တွေ့ လာချိန်မှာ startups တွေအကြောင်း ဗဟုသုတဖလှယ်သွားပြီး အမေးအဖြေကဏ္ဍများပါ ထည့်သွင်းကျင်းပလာတဲ့ ပွဲတစ်ပွဲကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ ICC မှာ ရှိတဲ့ Bar Bondi မှာ ပထမဆုံး စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

Yangon Startup Trivia Night ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပလိုက်တဲ့ startups များအကြောင်း အမေးအဖြေပွဲလေးတစ်ပွဲဖြစ်ပြီး ရန်ကုန်မှာ ရှိနေတဲ့ startup founders များ ၊ ရင်းနှီးမြှပ်နှံသူများနဲ့ စိတ်ဝင်စားသူများကို တစ်နေရာတည်းမှာ စုစည်းပေးဖို့ ကျင်းပလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ရန်ကုန်မြို့ မှာ ရှိတဲ့ Startup တွေအကြောင်း မေးခွန်းများစွာ ထည့်သွင်းထားမှာ ဖြစ်လို့ ပြည်တွင်း startup founder များအနေနဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်မှာပါ။

 

လူ ၅၀ အထိ အများဆုံး လက်ခံသွားမယ့် ဒီပွဲမှာ ဝင်ကြေးအနေနဲ့ ပွဲမတက်ခင် ကြိုပေးမယ်ဆိုရင်တော့ ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပြီး ပွဲရောက်မှ ပေးသွင်းမယ်ဆိုရင်တော့ ကျပ် ၆၀၀၀ ကျမယ်လို့ ဆိုပါတယ်။ ဒီဝင်ကြေးအားလုံးကို startup အမေးအဖြေ ဆုကြေးအဖြစ် ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

play

 

startup အမေးအဖြေ ပွဲမှာ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနဲ့ စတုတ္ထဆုများအပြင် Lucky Draw အစီအစဉ်များစွာလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်လို့ တက်ရောက်လာသူအားလုံး ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ Yangon Startup Trivia Night ပွဲကို Bar Bondi မှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD