၆ လ ကြာမယ့် ပရိုဂရမ်တစ်ခုပါ။

နည်းပညာအခြေပြု startups မွေးထုတ်ရေး အစီအစဉ်တစ်ခုကို Facebook ဟာ နောက်နှစ်က စပြီး စကာၤပူမှာ ဖွင့်လှစ်သွားမယ်လို့ကြေငြာထားပါတယ်။

dan-neary-fb-sg.jpg

Photo: Tech in Asia

 

Infocomm Media Development Authority (IMDA) နဲ့ပူးပေါင်း ဖွင့်လှစ်သွားမယ့် ဒီအစီအစဉ်ကို Startup Station Singapore နာမည်နဲ့စတင်မှာ ဖြစ်ပြီး ၆ လအထိ ကြာမယ့် ပရိုဂရမ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ မျိုးဆက်သစ် စီးပွားရေးဆိုင်ရာ အဖြေရှာမှုကို ဖွံ့ဖြိုးစေမယ့် အစီအစဉ်တစ်ခုဖြစ်ပြီး အာရှမှာ Facebook ရဲ့ ပထမဆုံး startup ပရိုဂရမ်တစ်ခုလည်း ဖြစ်ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ်က ပဲရစ်မှာ အချက်အလက် အခြေပြု startups များအတွက် Startup Garage အစီအစဉ်တစ်ရပ်ကို ဇန်နဝါရီလထဲမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ခဲ့ပါတယ်။ စကာၤပူမှာ ကျင်းပမယ့် startup အစီအစဉ်ကတော့ နောက်နှစ် ဖေဖော်ဝါရီလထဲမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အရှေ့တောင်အာရှမှ startups များကိုလည်း သင်တန်းပေးသွားမယ်လို့ဆိုပါတယ်။

ဒီအစီအစဉ်ကနေ Facebook ဟာ startups နယ်ပယ်အတွက် နည်းလမ်းညွှန်ပြခြင်း ၊ အဆက်အသွယ် ရှာပေးခြင်း ၊ အချက်အလက် အသုံးချနည်းနဲ့လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုများပါ ပေးသွားမှာပါ ။ ဒီအတွက် လျှောက်လွှာတွေကိုတော့ ဒီနှစ် ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမယ်လို့ဆိုပါတယ်။

မကြာသေးခင်ကလည်း Facebook ဟာ စကာၤပူဒေါ်လာ ၁.၄ ဘီလျံ အကုန်အကျခံပြီး ကုမ္ပဏီရဲ့ ပထမဆုံး အာရှအခြေစိုက် ဒေတာစင်တာတစ်ခု တည်ဆောက်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ စကာၤပူမှာ တည်ဆောက်သွားမယ့် ဒီဒေတာစင်တာာ ၁၁ ထပ်ပါရှိပြီး ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်သွားမှာပါ။

Photo: Business Insider Singapore

 

Facebook ဟာ Marina One မှာ ရုံးသစ်ဖွင့်လှစ်မှုနဲ့အတူ ဒီအစီအစဉ်ကို ကြေငြာခဲ့တာဖြစ်ပါတယ်။ Marina One မှာရှိတဲ့ ရုံးခန်းသစ်ဟာ လေးထပ် အဆောက်အဦ ဖြစ်ပြီး Facebook ရဲ့ စကာၤပူနဲ့အာရှ-ပစိဖိတ် teams များအတွက် အခြေစိုက် ရုံးအဖြစ် အသုံးပြုသွားမှာပါ။ လက်ရှိမှာ Facebook ဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ရုံးခွဲ ၁၈ ရုံး ဖွင့်လှစ်ထားပါတယ်။

Share

Loading Next Article...
က္က