AD
AD
AD

နိုင်ငံတကာ နည်းပညာကုမ္ပဏီများနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာ startup ကုမ္ပဏီများ ပေါ်ပေါက်လာစေဖို့ အားပေးကူညီ ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ကျင်းပတဲ့ ဒီဂျစ်တယ် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ကော်မတီ အစည်းအဝေး ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

play

 

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုဆောင်ရွက်ရာမှာ ပြည်တွင်း တီထွင်ဖန်တီးနိုင်မှုများ ပေါ်ထွန်းလာအောင်ဆောင်ရွက်ခြင်း၊ နည်းပညာ Startup ကုမ္ပဏီ များ ပေါ်ထွက်လာအောင် အားပေးခြင်း အစရှိတဲ့အချက်တွေလည်း ပါဝင်နေပါတယ်။ နည်းပညာ starup ကုမ္ပဏီများ ဖွံ့ ဖြိုးတိုးတက်ရေး ၊ ပေါ်ထွက်လာရေးကို ဒီဂျစ်တယ်စီးပွားရေး ဖွံ့ ဖြိုးးတိုးတက်မှု အစီအစဉ်ဆောင်ရွက်ရာမှာ ဒုတိယဦးစားပေး လုပ်ဆောင်ရမယ့် အချက်တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

အစီအစဉ်အရ နိုင်ငံတကာနည်းပညာဦးဆောင်ကုမ္ပဏီတွေရဲ့ နည်းပညာခေါင်းဆောင်တွေထံကနေ အကြံဥာဏ်တွေရယူခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ နိုင်ငံ တကာ ကုမ္ပဏီတွေကနေ နည်းပညာတွေ လွှဲပြောင်းရယူနိုင်ဖို့ကြိုးစားခြင်း အစရှိတဲ့အချက်တွေ ပါဝင်တာတွေ့ရပါတယ်။ အဲဒီအပြင် ပြည်တွင်းကုမ္ပဏီတွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကော်မတီအစည်းအဝေးကနေ တိုင်းပြည်အတွင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ ဖြိုးမှု ရရှိဖို့ အဆင့်ဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီထဲမှာ ပြည်တွင်း ကုမ္ပဏီများအနေနဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်ပါ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါတင်မက မြို့ နဲ့ ကျေးလက်ဒေသများအကြား နည်းပညာနဲ့ အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက်များကိုပါ ထိထိရောက်ရောက် လျှော့ ချသွားမှာ ဖြစ်သလို ဒစ်ဂျစ်တယ် နည်းပညာကို လူထုရဲ့ စီးပွားရေး နဲ့ ဝန်ဆောင်မှု လုပ်ငန်းများမှာ အသုံးချနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD