ယုံကြည်လို့ရတယ်ဆိုတာ သိစေချင်လို့ Freelancer တွေရဲ့ အကောင့်တွေကို Verified အမှတ်အသားတွေ ပြုလုပ်ပေးနေတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ ရဲ့ လူဦးရေ တိုးပွား လာတာနှင့် အမျှ အလုပ်အကိုင်အခွင့်အလမ်းများဟာလဲ လက်ရှိ လူဦးရေ အတွက် ဖန်တီးပေးနိုင်ဖို့ လိုအပ်လာပါတယ်။ ၂၀၁၇ အစပိုင်းကစပြီး နည်းပညာအခြေပြု startup လုပ်ငန်းအများစု ပေါ်ထွက်လာပြီး မြန်မာနိုင်ငံရဲ့ Startup ဂေဟစနစ်က ပိုမို တိုးတက်လာတာ မြင်တွေ့ရနေပါတယ်။

Chate Sat (ချိတ်ဆက်) လို့ခေါ်တဲ့ အချိန်ပိုင်း (Freelancer) များ ရရှိနိုင်တဲ့ Website Platform ဟာ ၂၀၁၆ စတင်ဘာက ပြုလုပ်ခဲ့တဲ့ Phandeeyar ရဲ့ Accelerator Program မှာ ထွက်ပေါ်ခဲ့တဲ့ Startup တစ်ခုပါ။ ချိတ်ဆက် ဟာ အချိန်ပိုင်းအလုပ်အပ် မ ဲ့ လုပ်ငန်းရှင် တွေ နဲ့ အချိန်ပိုင်း အလုပ်လုပ်ချင်တဲ့ သူတွေ ကို ဆုံစည်းပေးတဲ့ နေရာဆိုလဲ မမှားပါဘူး။

လက်ရှိ လုပ်ငန်းရှင်ပေါင်း ၁၁၇၆ ခု ရှိပြီး Freelancer လို့ခေါ်တဲ့ အလုပ်လုပ်ချင်တဲ့ အရေအတွက်ဟာ ၇၇၂၉ ရှိလာတဲ့အတွက် Verification လုပ်ငန်းစဉ် ကို ထပ်မံ ထည့်လိုက်တာဖြစ်ပါတယ်။ အချိန်ပိုင်း (Freelancer) များ လာတဲ့အတွက် သူတို့တွေရဲ့ အချက်အလက်တွေ ပြည့်စုံမှု့ ရှိမရှိ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးပြီး လုပ်ငန်းရှင်တွေ ယုံကြည်လို့ရတယ်ဆိုတာ သိစေချင်လို့ Freelancer တွေရဲ့ အကောင့်တွေကို Verified အမှတ်အသားတွေ ပြုလုပ်ပေးနေတာလို့ သိရပါတယ်။



ဒီအကြောင်းနဲ့ ပတ်သတ်ပြီး “verification process ကတော့ MVP (minimum viable product) version အပြီး Beta ထွက်စကတည်းက လုပ်ဖို့အတွက် ပြင်ဆင်ထားတာပါ.. အဓိကကတော့ freelancer အရမ်းများတဲ့အတွက် အားလုံးနဲ့ယှဉ်ပြီး Projectတွေကို ပြိုင်လေ ျှာက်တဲ့နေရာမှာ အလုပ်ရှင်အနေနဲ့လည်း ယုံကြည်စိတ်ချမှုပိုရှိအောင် information ပြည့်စုံတဲ့သူကို Verified ဖြစ်ပါတယ်ဆိုပြီး ချိတ်ဆက်က ထောက်ခံပေးတဲ့သဘောမျိုးပါပဲ.. ဒီလိုလုပ်ခြင်းအားဖြင့် ချိတ်ဆက်မှာ အရင် project တခါမှ မလုပ်ခဲ့ဖူးရင်တောင် verified အမှတ်နဲ့ information check လုပ်ထား ပြီးသားဖြစ်နေတော့  အလုပ်ရှင်က ရွေးချယ်ဖို့ လက်တွန့်မနေတော့ဘူးပေါ့..” လို့ Chate Sat ရဲ့ CEO ဖြစ်သူ မဟန်နီမြဝင်းက Duwun ကိုပြောပြခဲ့တာပါ။

 

လက်ရှိမှာ Verification အမှတ်အသားအပြင် အလုပ်ရှင်တွေဘက်က တောင်းဆိုထားတဲ့ Video Feature တစ်ခုကိုလည်း ထပ်ထည့်လိုက်တာဖြစ်ပါတယ်။ ဗီဒီယို Feature ကတော့ Freelancer တစ်ယောက်က သူကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယို တစ်ခုကို သူ့ရဲ့ profile စာမျက်နှာမှာ တင်ထားခြင်းဖြင့် အလုပ်ခန့်တဲ့ နေရာမှာ ပိုပြီး ဆုံးဖြတ်ချက် လွယ်ကူသွားစေနိုင်မှာလို့

ပြောပါတယ်။

 

ချိတ်ဆက် ဝက်ဆိုဒ်ဟာ   Freelance Project ပေါင်း (၅၈၃) ခုထိ ပြီးမြောက်သွားပြီး လက်၇ှိ (၇၀၀၀)ကျော် အလုပ်အကိုင်တွေတင်ပေးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က