ပြည်တွင်း startup တစ်ခုဖြစ်တဲ့ Yangon D2D ဟာ သူတို့ရဲ့  အိမ်တိုင်ရာရောက် ပို့ဆောင်တဲ့ ဝန်ဆောင်မှု့တွေကို စီးပွားရေးလုပ်ငန်းတွေ အထိ တိုးချဲ့နေတာဖြစ်ပါတယ်။ စတင်ဝန်ဆောင်မှု့ ပေးစဉ်က အစားအသောက်နဲ့ ပတ်သတ်သော အိမ်တိုင်ရာရောက် ဝန်ဆောင်မှု့ ကနေ အခု အခြား ကုန်ပစ္စည်းတွေ ဖြစ်တဲ့ စာအုပ်ကဲ့သို့ သော ပစ္စည်းများကိုပါ အိမ်တိုင်ရာရောက် ပို့ဆောင်နေတာကို တွေ့ရပါတယ်။

 

လက်ရှိမှာ ထပ်တိုးလာတာတွေ့ရတာကတော့ .. ဒိန်ချဉ်တွေ၊ ကော်ဖီစေ့ တွေ အပါအဝင် စာအုပ်တွေ ပါရှိလာပြီး Yangon Door2Door ဟာ ပိုပြီး ပြည့်စုံတဲ့ e-commerce နဲ့ ပို့ဆောင်ရေး လုပ်ငန်းများ အဆင့်အဆင့်ပြုလုပ်သွားဖို့ ရှိတယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ။

play

 

  Yangon D2D ရဲ့ နောက်ထပ် feature အသစ်ကတော့ အသုံးပြုသူများအတွက် point system ဖြစ်ပြီး မိမိသုံးစွဲတိုင်း Point တွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာငွေ ၁၀၀၀ ကျပ် သုံးစွဲတိုင်း ပွိုင့် တစ်ခု ရရှိမှာ ဖြစ်ပြီး  Point 200  နဲ့ ၅၀၀၀ ကျပ်တန် ဘောင်ချာတွေနဲ့လဲ လဲလည် ကာ အသုံးပြုနိုင်အုံးမှာပါ။

play

 

နောက်ထပ် ထူးခြားတာကြည့်မယ်ဆိုရင် Burger King ဆိုင်ပါဝင်လာတာဖြစ်ပြီး Burger King ဆိုင်ဆိုတာလက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ ဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်ပါတယ်။  
“ဒီလို ဆိုင်မျိုး က Whopper တို့  ၊ Cheese Burger တို့ ၊ Crossan’wich တို့ ကို Yangon D2D က တစ်ဆင့် အော်ဒါ ပြုလုပ်နိုင်တာဟာ ဘယ်လိုမျိုး ဘယ်လောက်ထိ လတ်ဆက်နေတဲ့ အစားအစာတွေ ရရှိနိုင်မယ်လဲဆို စမ်းကြည့်ချင်နေမိပါတယ်လို့ “ YangonD2D ကို အသုံးပြုနေသူ တစ်ဦး က ပြောပါတယ်။

play

 

Yangon D2D ကို 2013 ခုနှစ်မှာ Shady Ramadan က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်အခြေစိုက် ရင်နှီးမြှုံနှံ့  ထားတဲ့ အွန်လိုင်းစီးပွားရေး အခြေပြု ကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ Yangon D2D ရဲ့ ကြေညာချက်အရ ၂၀၁၆ မှာ အစားအစာ မှာယူမှု့  ၅သောင်း ၅ ထောင်ကျော် ကို ပို့ဆောင်မှု့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video