တရုတ်နိုင်ငံမှာ VPN လို့ ခေါ်တဲ့ firewall များကို ကျော်ပြီး ပိတ်ထားတဲ့ နိုင်ငံခြားဝက်ဘ်ဆိုက်များကို ရယူနိုင်တဲ့ ကိုယ်ပိုင် အင်တာနက်ကွန်ရက်စနစ်သုံးခြင်းဟာ ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီဘက်နှစ်မှာ ဘေဂျင်းအစိုးရဟာ အင်တာနက်လွတ်လပ်ခွင့်ကို အကြီးအကျယ် ထိန်းချုပ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရားမဝင် VPN ရောင်းချနေတဲ့ နိုင်ငံသားတစ်ဦးကို ထောင်ချလိုက်ပါတယ်။

play

 

တရုတ်နိုင်ငံ ဂွမ်ဒေါင်းမှ ဒန်ဂီဝေဟာ သူ့ ရဲ့ ဝက်ဘ်ဆိုက်ကနေတစ်ဆင့် နိုင်ငံအတွင်း ပိတ်ပင်ထားတဲ့ VPN နက်ဝါ့ခ်များ တရားမဝင်ရောင်းချခြင်းကြောင့် ထောင်ဒဏ် ၉ လ ချမှတ်ခံရပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ ဒန်ဂီဝေဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာထဲမှာကတည်းက သူ့ ရဲ့ ဝက်ဘ်ဆိုက်ကနေ VPN နှစ်ခု ရောင်းချခြင်းကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ပထမဆုံးအကြိမ် ထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။

 

သူနဲ သူ့ ရဲ့ မိတ်ဆွေတစ်ဦးဟာ ဒီVPN ဆော့ဖ်ဝဲလ်နှစ်ခုရောင်းချခြင်းကနေ ယွမ် ၁၄၀၀၀ (မြန်မာငွေ ၂၈၀၀၀၀၀ခန့် )ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီ VPNs တွေကနေ သုံးစွဲသူတွေကို ပြည်မကြီးမှာ ပိတ်ပင်ထားတဲ့ IP address တွေကို သုံးနိုင်အောင် ကူညီပေးခဲ့တယ်လို့ လည်း တရားရုံးမှ ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ သူ့ ကို တရားရုံးက စီရင်ချက်ချခဲ့တာ ပြီးခဲ့တဲ့ မတ်လ ကတည်းက ဖြစ်ပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကမှ Weibo လူမှုကွန်ရက်ပေါ်မှာ တရားရုံးရဲ့ စီရင်ချက် အထောက်အထား စာရွက်စာတမ်းများ တက်လာတာ ဖြစ်ပါတယ်။

play

 

တရုတ်အစိုးရရဲ့ အင်တာနက်ဆင်ဆာ နှိပ်ကွက်မှုကို ဒီနှစ် ဇန်နဝါရီလဆန်းပိုင်း ကတည်းက စတင်ကြုံတွေ့ နေတာ ဖြစ်ပြီး စီးပွားရေးသုံး VPN သမားများပါ ပိတ်ပင်ခံခဲ့ရပါတယ်။ မကြာသေးမီကလည်း တရုတ်အစိုးရဟာ အင်တာနက်ဆင်ဆာကို ကျော်နိုင်တဲ့ VPNs များကို App Store ပေါ်ကနေ ဖယ်ရှားဖို့ Apple Inc ကို ဖိအားပေးခဲ့ပြီးနောက် Apple ဟာ VPN အက်ပ်ပေါင်း ၆၀ ကို Apple Store ကနေ ဖယ်ရှားခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ Alibaba အပါအဝင် VPN အသုံးပြုနေတဲ့ နာမည်ကြီး ဝက်ဘ်ဆိုက်များကိုလည်း ယင်း VPN များကို ဖယ်ရှားပေးဖို့ အစိုးရမှ သတိပေးတားမြစ်ခဲ့ပါတယ်။

 

ဘေကျင်းအစိုးရဟာ တရုတ်အခြေစိုက် internet service provider ဒါဇင်နဲ့ ချီပြီး ပိတ်သိမ်းခဲ့သလို အင်တာနက်မှုဝါဒကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထာဖို့ Great Firewall ခံထားခဲ့ပါတယ်။ VPNs များဟာ ဒီ Firewall ကို ကျော်ပြီး ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်နဲ့ content များကို ဝင်ကြည့်လို့ ရစေတာ ဖြစ်လို့ တရုတ်အစိုးရအနေနဲ့ ဒီ VPNs တွေကိုပါ ပိတ်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video