နှစ်စဉ်တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကွန်ပျူတာတက္ကသိုလ်ပေါင်း ၂၄ ခုကနေ ဘွဲ့ ရကျောင်းဆင်းသူ ၆၈၀၀၀ ကျော်ရှိပြီး အလုပ်လက်မဲ့ ကျောင်းသား မရှိသလောက်နည်းတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုပါတယ်။

play

 

နေပြည်တော် MICC II မှာ ကျင်းပတဲ့ ဒုတိယအကြိမ် e-Government conference and ICT exhibition 2017 ပွဲ ပထမနေ့ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျောင်းတွေမှာ Tracking လုပ်ထားတဲ့ စနစ်ရှိပါတယ်။ ကျောင်းပြီးသွားရင်း ဒီကျောင်းသားက ဘယ်လို အလုပ်လုပ်ကိုင်လဲ ။အစိုးရ အလုပ်လား ။ ကိုယ်ပိုင်အလုပ်လား ၊ IT industry လား စသည်ဖြင့် Tracking လုပ်တာပေါ့ ။ ဆိုတော့ ဒီထဲမှာ အလုပ်လက်မဲ့ဖြစ်နေတာတော့ ကျွန်တော်တို့ အင်မတန်နည်းပါတယ်။ မရှိပါဘူး။" လို့ ဆိုပါတယ်။

 

ပြည်တွင်း IT တက္ကသိုလ်သင်တန်းကျောင်းတွေကနေ နှစ်စဉ် ဘွဲ့ ရပေါင်း ၆၈၀၀၀ ကျော် မွေးထုတ်ပေးနေပြီး ဒီထဲမှာ Phd level တန်းကျောင်းဆင်း ၃၈၀ ကျော် လည်း ပါတယ်လို့ ပြောပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီးတော့ အစိုးရအလုပ်နဲ့ ပုဂ္ဂလိကအလုပ်အကိုင် ၂ မျိုး ရှိကြောင်း ၊ ဒီထဲမှာ အစိုးရအနေနဲ့ လူတစ်ရာမှာ ၆ ယောက်ပဲ အလုပ်ပေးနိုင်တာကြောင့် အလုပ်အကိုင်ပေးနိုင်မှု ကျဉ်းမြောင်းနေသလို တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှုထက်  ပုဂ္ဂလိကထုတ်လုပ်မှုပမာဏဟာ တစ်နိုင်ငံလုံးပမာဏအနေနဲ့ ရာခိုင်နှုန်း ၉၀ အထက်မှာ ရှိတယ်လို့ လည်း ဆိုပါတယ်။

play

 

နည်းပညာတက္ကသိုလ်ပေါင်း ၃၀ ကျော်မှာ ၁၅ ကျောင်းဟာလည်း ICT ပညာရပ်နဲ့ ပတ်သတ်ပြီး အထူးပြုသင်ကြားပေးနေတာကြောင့် လူ့ စွမ်းအားအရင်းအမြစ် တည်ဆောက်မှုအနေနဲ့ မနည်းဘူးလို့ လည်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာ ကွန်ပျူတာကျောင်းများနဲ့ Huawei ၊ Samsung တို့ လို နည်းပညာကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီးOn-Job Training များ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video