မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာပိုင်းဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း အထွန်းတောက်ဆုံး ဖြစ်ခဲ့ပြီး ၂၀၀၄ အလွန်မှာတော့ တိုးတက်မှု သိပ်မတွေ့ ရဘူးလို့  မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

play

 

၂၀၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလောကထဲ ပြည်ပ အော်ပရေတာနှစ်ခု ဝင်ရောက်လာချိန်ကစပြီး တယ်လီကွန်းကဏ္ဍ တိုးတက်ပြောင်းလဲလာပေမယ့်လည်း အိုင်စီတီကဏ္ဍအနေနဲ့ တိုးတက်ပြောင်းလဲလာခြင်းမရှိဘဲ ပုံမှန်တန်းပဲ ဆက်သွားနေတယ်လို့ ဆိုပါတယ်။ ကွန်ပျူတာအသင်းများအနေနဲ့ နိုင်ငံခြားမှ Outsourcing လုပ်ငန်းများကို ပြည်တွင်းမှာ ဆောင်ရွက်ပေးဖို့ ရည်မှန်းချက်ထားခဲ့ပေမယ့်လည်း တကယ်တမ်း ဖြစ်မလာခဲ့ဘူးလို့ လည်း ဆိုပါတယ်။

 

မြန်မာ့အိုင်စီတီနယ်ပယ်နဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦးက ‘‘တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အိုင်စီတီကဏ္ဍက မဖြစ် မနေ လိုအပ်တယ်လို့ အစိုးရ အဆက်ဆက်က ပြောနေပေမယ့် လည်း ထူးခြားလာတာကတော့ ဘာတစ်ခုမှ မတွေ့ရသေးဘူး’’ လို့ သုံးသပ်ထားပါတယ်။ လက်ရှိမှာ ပြည်တွင်းပြည်ပမှ အိုင်တီကုမ္ပဏီများ တစ်နေရာတည်းမှာ စုစည်းရပ်တည်နိုင်ဖို့ အိုင်စီတီစီးတီးတစ်ခု သန်လျင်မြို့ နယ်အတွင်း တည်ဆောက်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပြည်ထောင်စုအစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။

play

 

အာဆီယံဒေသတွင်းနိုင်ငံတစ်ခု ဖြစ်တဲ့ ဗီယက်နမ်ဟာ ဆော့ဖ်ဝဲလ် ထုတ်ကုန်ကဏ္ဍကနေ ဒေါ်လာ ၆ ဘီလျံအထိ ဝင်ငွေရရှိချိန်မှာ မြန်မာနိုင်ငံရဲ့ အိုင်စီတီထုတ်ကုန်တန်ဖိုးဟာ ဒေါ်လာ သန်း ၂၀၀ အောက်မှာပဲ ရှိနေတယ်လို့ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်က နိုဝင်ဘာ ၁၀ ရက်နေ့ က ပြုလုပ်သွားတဲ့ e-Government ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ တစ်ချို့ နိုင်ငံတွေဟာ အိုင်စီတီကဏ္ဍပိုင်း ကနေ နိုင်ငံရဲ့ GDP ပမာဏကို ၄၀% အထိ ထောက်ပံ့နိုင်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ အိုင်စီတီအခြေခံအဆောက်အဦများ ဖြစ်တဲ့ ICT Park များ၊ Software Park များ ယခု ထက် ပိုမိုတိုးပွားရန်လိုအပ်နေသေးတယ်လို့ လည်း သိရပါတယ်။

Source: 7day Daily News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video