AD
AD
AD

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရဲ့ လုပ်ငန်းဆောင်တာများကို အီလက်ထရွန်းနစ်စနစ်နဲ့ စီမံခန့် ခွဲနိုင်စေဖို့ ဒေတာစင်တာတစ်ခု တည်ဆောက်နိုင်ပြီး လာမယ့် ဒီဇင်ဘာလထဲမှာ စတင်အသုံးပြုနိုင်အောင် ကြိုးပမ်းနေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောပါတယ်။

‘‘ကျွန်တော်တို့အစိုးရ တက် တက်ချင်းမှာ ပေါ်ပေါက်လာတဲ့ ပြဿနာက ၀င်စာထွက်စာ ပျောက်ဆုံးမှုတွေ အများကြီးရှိခဲ့ ပါတယ်။ ဒီပျောက်ဆုံးမှုတွေအ တွက် ဘာတွေလုပ်နိုင်သလဲ။ ကျွန်တော်တို့က အီလက်ထရွန် နစ် စာရွက်စာတမ်း စီမံခန့်ခွဲမှု (EDMS) စနစ်ကို သုံးပြီး ရုံးပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှု အသုံးပြုဖို့လို အပ်လာတဲ့အတွက် Data Center တစ်ခုကို တည်ဆောက် ရခြင်းဖြစ်ပါတယ်’’ လို့  အခုလို ဒေတာစင်တာ တည်ဆောက်ရခြင်းအကြောင်း ရှင်းပြခဲ့ပါတယ်။

play

 

ဒေတာစင်တာကို တိုင်းလွှတ်တော်ရုံးဟောင်းမှာ တည်ဆောက်နေပြီး အီလက်ထရွန်းနစ် စီမံခန့် ခွဲမှုစနစ်အတွက် အသုံးပြုမှာ ဖြစ်တဲ့ အပြင် e-Government စနစ်အကောင်အထည်ဖော်ဆောင်ရေးအတွက်ပါ အထောက်အကူပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ လည်း ဆိုပါတယ်။

‘‘ကျွန်တော်တို့ဆီကို ၀င်စာ တစ်စောင်ရောက်လာတာနဲ့ တံ ဆိပ်တုံးရိုက်ပြီး Scan ဖတ်ပြီး တော့ Data Center ထဲကိုထည့် သွင်းထားမယ်။ လိုချင်လာတဲ့အ ခါမှာ ပြန်လည်ရယူနိုင်မယ်။ ဒီ ကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကိုလည်း အလွယ် တကူဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်’’ လို့ ဝန်ကြီးက ပြောပါတယ်။

 

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဟာ ဒေတာစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ hardware ပစ္စည်းများ ဝယ်ယူဖို့ ယခုနှစ် ဧပြီလထဲမှာ တင်ဒါခေါ်ခဲ့ပြီး ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက ကျပ်သိန်း ၂၆၀၀ ကျော်နဲ့ တင်ဒါအောင်မြင်သွားခဲ့တယ်လို့ လည်း သိရပါတယ်။

Source: 7day Daily News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD