ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီအချို့ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်း တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲဆောင်ရွက်နေတယ်လို စစ်ဆေးတွေ့ရှိရတယ် လို့သိရပါတယ်။

 

Fiber Optic Cable နဲ့ ဆက်စပ်ဆက်သွယ်ရေးကိရိယာတွေ၊ WIfi ချိတ်ဆက်မှုကိရိယာတွေတပ်ဆင် ချိတ်ဆွဲခြင်းနဲ့ ဆက်သွယ်ရေးတိုင်တွေစိုက်ထူတာတွေကို တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင် ရွက်နေတယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီကနေ တရားဝင်ခွင့်ပြုချက်ရယူထားတဲ့အဖွဲ့အစည်းတွေဟာ MPT နဲ့ Eager Communication Group နှစ်ခုသာရှိကြောင်း၊ တရားဝင်ခွင့်ပြုချက်ရယူထားတာမရှိဘဲလုပ်ငန်းဆောင်ရွက်ထားတဲ့ ကုမ္ပ ဏီတွေအနေနဲ့ ၃၁.၁၂.၂၀၁၇ ရက်နောက်ဆုံးထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှာ တရားဝင်ခွင့်ပြုမိန့်လာရောက်လျှောက်ထားရမှာဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်းမှာ လာရောက် မဆက်သွယ်ရင် တပ်ဆင်ထားတဲ့ကိရိယာတွေကိုဖြုတ်သိမ်းမယ့်အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

play

 

ရန်ကုန်မြို့တော်နေပြည်သူတွေအနေနဲ့လည်း တရားဝင်ခွင့်ပြုချက်ရယူထားခြင်းမရှိတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီတွေနဲ့လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြဖို့လည်း အသိပေးထားပါတယ်။ ဆက်သွယ် ရေးဥပဒေ အခန်း (၁၃)၊ ပုဒ်မ (၄၁) အရ “သက်ဆိုင်ရာမြေနှင့်အဆောက်အုံပိုင်ရှင် (သို့မဟုတ်) ယင်း မြေနှင့်အဆောက်အအုံ Right of Way ကိုစီမံခန့်ခွဲခွင့်ရှိသူနှင့် ညှိနှိုင်း၍ ကာလသတ်မှတ်ချက်ပါဝင် သော နှစ်ဦးနှစ်ဖက်သဘောတူညီချင်ဖြင့် ဆောင်ရွက်ခွင့်ရှိသည့်နေရာတွင်ဆောင်ရွက်နိုင်သည်” လို့ ပါရှိတဲ့အချက်နဲ့သာဆောင်ရွက်ဖို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထားပြီးဖြစ်ကြောင်း ဆိုထားပါတယ်။

play

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန တွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရကုမ္ပဏီတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးဆောင် ရွက်ပေး နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ှSource: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video