AD
AD
AD

MPT နဲ့ NLD ပညာရေးကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒစ်ဂျစ်တယ် ပညာရေးအစီအစဉ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

ယခုအစီအစဉ်ကို ရှေ့ သို့ လှမ်းချီ ဒစ်ဂျစ်တယ်ပညာရေးဆီ အစီအစဉ်ဖြစ်ပြီး ပြည်တွင်းမှာ ရှိတဲ့ ပညာသင်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေကို ကွန်ပျူတာပညာရပ်ဆိုင်ရာ ဗဟုသုတနဲ့ အသုံးချနည်းများကို ဖြန့် ဝေသင်ကြားသွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်အတွက် MPT မှ ကွန်ပျုတာအလုံး ၁၀၀၊ Wifi အင်တာနက်ဒေတာများအတွက် Router ၂၅ လုံး စသည်ဖြင့် ပံ့ပိုးကူညီထားပြီး သင်တန်းဆရာတွေနဲ့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာရှိတဲ့ အမေ့အိမ်စင်တာ တွေမှာဆောင်ရွက်နေတဲ့အဲဒီအစီအစဉ်ကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ တိုးချဲ့သွားမယ်လို့ဆိုပါတယ်။

play

 

အဲဒီဒေသတွေမှာရှိတဲ့ လူငယ်တွေကို Microsoft Office ကဲ့သို့သော ကွန်ပျုတာသင်ခန်းစာတွေနဲ့ ကွန်ပျုတာအသုံးချနည်းတွေကို သင်ကြားပေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျောင်းသားပေါင်း ၂၆၀ အတွက်ေ အာင်လက်မှတ်တွေပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ှSource: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD