ရန်ကုန်တိုင်းဒေသကြီး မြို့ နယ် ၁၆ မြို့ နယ်မှာ ဒရုန်းနဲ့ Unmanned Aircraft (UA) များ မောင်းနှင်ပျံသန်းခြင်းကို တားမြစ်ထားပြီး စည်းကမ်းဖောက်ဖျက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်လို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

play

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လေယာဉ်များ ဆင်းသက်ရာမှာ အန္တရာယ်ကင်းရှင်းစေဖို့ သတ်မှတ်ထားတဲ့ ဒရုန်းမပျံသန်းရ နယ်မြေတွေထဲမှာ မြောက်ဥက္ကာလာပ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အ ရှေ့ပိုင်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်း ချောင်း၊ ဗဟန်း၊ ဆိပ်ကြီးခနောင် တို၊ မင်္ဂလာဒုံ၊ လှည်းကူးနှင့် ထန်း တပင်မြို့နယ်တို့ ပါဝင်တယ်လို့ လည်း သိရပါတယ်။

‘‘လေယာဉ်ပျံသန်းတဲ့လမ်း ကြောင်းနေရာတွေမှာ ပေးမပျံ တာပါ။ ကျွန်တော်တို့ဗဟန်းမှာ တော့ ရွှေတောင်ကြား (၁) ရပ် ကွက်နဲ့ ဆရာစံရပ်ကွက်တွေပါ တယ်။ နောက် (၂) ရပ်ကွက်အ တွင်းမှာ ပျံသန်းလို့မရပါဘူး’’လို့ ဗဟန်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဆိုပါတယ်။ မြို့ နယ် ၁၆ ခုမှာ ဒရုန်းမပျံသန်းရ သတ်မှတ်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာမြို့ နယ်များထံ နိုဝင်ဘာလ ၂၈ ရက်နေ့ ကတည်းက တရားဝင်စာထုတ်ပြန်ထားတယ်လို့ လည်း ကမာရွတ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။

‘‘ကျွန်တော်တို့ ကမာရွတ်မြို့ နယ်ကတော့ ရပ်ကွက် (၁၀) ခုစလုံးကို ဒရုန်းပျံသန်းခွင့် မရှိပါဘူး။ ပျံ သန်းတာတွေကို ဖမ်းမိရင်တော့  တည်ဆဲဥပဒေအတိုင်း အရေးယူ မှာပါ’’.။

ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ မှ ရဲမှူး ဦးမြင့်မောင်ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ၅ မိုင်ပတ်လည်မှာ တရားဝင်တင်သွင်းထားတဲ့ ဒရုန်းများ မပျံသန်းနိင်ဖို့ ဒရုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်မယ်ဆိုရင်တော့ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်း လမ်းတကျ ထုတ်ပြန်ကြေညာ သော အမိန့်ကို ဖီဆန်ခြင်း)အရ ထောင်ဒဏ်တစ်လမှ ခြောက်လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Photo & Source: 7dayDaily News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video