ဇန်နဝါရီလ ၆ ရက်နေ့ မှာ မန္တလေးနည်းပညာတက္ကသိုလ်နဲ့ ပြည်တွင်းပြည်ပ အခြေစိုက်နည်းပညာလုပ်ငန်းများ ပူးပေါင်းပြီး မန္တလေးတိုင်းအတွင်း အိုင်တီကဏ္ဍအခြေပြု ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို မန္တလေးနည်းပညာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတကာအိုင်တီကုမ္ပဏီများဖြစ်တဲ့ Microsoft ၊ Cisco ၊ Nex4 နဲ့ VM-Ware အပါအဝင် ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီ ၁၆ ခုက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုတွေ့ ဆုံပွဲနဲ့ ပတ်သတ်ပြီး မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဆင့်စိုးမှ ‘‘နည်းပညာတစ်ရပ်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဆုံပြီး ပညာရပ်ဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ဖို့ ဒေသကို အကျိုးပြုစေနိုင်တဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် နည်းပညာတွေ ဖော်ထုတ်ဖို့အ တွက် အခုလိုတွေ့ဆုံတာဖြစ်ပါ တယ်’လို့ ရှင်းပြပါတယ်။ ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ကုမ္ပဏီများမှလည်း ကုမ္ပဏီရဲ့ လုပ်ငန်းသဘောများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသားများ  လုပ်ငန်းခွင်ဆိုင်ရာ ပြင်ဆင်စရာအခွင့်အလမ်းများပါ ချပြသွားခဲ့တယ်လို့ လည်း သိရပါတယ်။

Source: 7day daily news

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video