AD
AD
AD

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF နဲ့ MPT တို့ ပူးပေါင်း စီစဉ်ကျင်းပခဲ့တဲ့ မြန်မာလူငယ် နည်းပညာစွန့် ဦး တီထွင်ဖွံ့ ဖြိုးမှု အစီအစဉ် ၂၀၁၈ မှ ဆုရရှိသူများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ညနေပိုင်းက ရန်ကုန်မြို့ ၊ MICT Park ၊ Conference Hall မှာ ဆုချီးမြှင့်ခဲ့ပါတယ်။

play

 

Myanmar Youth Technopreneurship Development Program 2018 ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် မှာ ပြိုင်ပွဲဝင် ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ဒီထဲကမှ အကောင်းဆုံး ၃ ဖွဲ့ ကို ဆုပေးရွေးချယ်ခဲ့တာပါ။

play

 

နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ Secret Art ၊ Doctor Kyaw နှင့် DigisPortal အဖွဲ့ ရွေးချယ်ခံရပြီး တစ်ဖွဲ့ ကို ဆုကြေးငွေ ကျပ် သိန်း ၅၀ ၊ ကုမ္ပဏီ မှတ်ပုံတင် နဲ့ Kanaung Hub မှာ ၆ လတာ ရုံးခန်းဖွင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျန် ပြိုင်ပွဲဝင် ၇ သင်းကိုလည်း နှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်း စီပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာလူငယ်နည်းပညာ စွန့် ဦးတီထွင် ဖွံ့ ဖြိုးရေးအစီအစဉ် ၂၀၁၈ ပြိုင်ပွဲနောက်ဆုံးအဆင့်မှာ အောက်မြန်မာပြည်မှ ဆန်ခါတင် ၅ သင်းဖြစ်တဲ့  (၁) myplayer  (၂)Secret Art (၃) DigiSportal (၄) Butterfly နဲ့ (၅) Doctor Kyaw အသင်းများနဲ့ အထက်မြန်မာပြည်မှ  ဆန်ကာတင်အသင်းများဖြစ်တဲ့ (၁) Myanmar CNC (၂) Baby Lovers (၃) Team Liquid (၄) Team Hexasky နဲ့ (၅) Particles များမှ ပြိုင်ပွဲဝင် project အသီးသီးနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD