နည်းပညာများနဲ့ အကူအညီပေးဖို့စကားကမ်းလှမ်းထားပါတယ်။

ကမ္ဘာကျော် Tesla ကားကုမ္ပဏီ တည်ထောင်သူ အမေရိကန်ဘီလျံနာ အီလွန်မတ်စ်ဟာ မယ်ဆိုင်ဂူမှာ ပိတ်မိနေတဲ့ ထိုင်းကလေးငယ် ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြတို့ကို ကယ်ထုတ်ရေးအတွက် အကူအညီများ ပေးအပ်သွားဖို့ထိုင်းအာဏာပိုင်များထံ ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်ထားပါတယ်။

[No available link text] 

အီလွန်မတ်စ်ဟာ ဒီဂူကို ဖောက်ပြီး အထဲက ကလေးငယ်များကို ကူညီလို့ရမယ်လို့ယုံကြည်ထားတာပါ။သူ့ပိုင် Boring Company ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး ဥမင်တူးစက်များ ရှိထားတာ ဖြစ်ပြီး တွင်းတူးတဲ့ နေရာမှာ အကြီးအကျယ် အကူအညီဖြစ်စေမယ်လို့အကြံပြုထားပါတယ်။ ဒါ့အပြင် Tesla Inc ထုတ် အကြီးစား ဘက်ထရီများ ၊ ရေပန့်စက်များ သုံးပြီး ကလေးတွေကို ခေါ်ထုတ်ပေးဖို့စီစဉ်ထားတာပါ။

Boring Company ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ "ကျွန်တော်တို့ဘယ်လိုမျိုး အကူအညီတွေ ပေးနိုင်မလဲဆိုတာ ထိုင်းအစိုးရနဲ့စကားပြောနေပါတယ်။ SpaceX ရော Boring ကပါ တာဝန်ရှိပုဂ္ဂိုလ်တွေ ဒီနေ့ထိုင်းကိုသွားပြီး မြေပြင်အနေအထားမှာ အကူအညီပေးနိုင်ဖို့လူလွှတ်ထားပါတယ်။" လို့ဆိုပါတယ်။ ထိုင်းအာဏာပိုင်များဘက်ကတော့ အီလွန်မတ်စ်ရဲ့ အကူအညီကို ရယူမယ် ၊ မယူဘူးအပေါ် စကားမခွဲသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ပွာတိုရီကိုမှာ ဟာရီကိန်းမုန်တိုင်းဝင်ရောက်မွှေနှောက်သွားချိန်က ဒေသအာဏာပိုင်များဟာ အီလွန်မတ်စ်ရဲ့ အကူအညီနဲ့ကာရစ်ဘီယံကျွမ်းများ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ထိုစဉ်က အီလွန်မတ်စ်ဟာ Powerwalls များ ပေးပို့ခဲ့ပြီး ကျွန်းတွေမှာ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ပံ့ပိုးခဲ့ပါတယ်။ ယခုလည်း ထိုင်းဂူထဲ ပိတ်မိဆဲ ကလေးများ ရေအောက်မှာ လေဥမင်အသွင် ၁မီတာအချင်းရှိတဲံ နိုင်လွန်ပြွန်တစ်ခုကို ဂူတစ်လျှောက် ထည့်သွင်းပြီး ကယ်ဆယ်ဖို့မတ်စ်က အကြံပြုထားပါတယ်။

ထိုင်းဘောလုံးအသင်းမှ လူငယ် ၁၂ ဦးနဲ့အသင်းနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကတည်းက ထိုင်းမြန်မာနယ်စပ်မှာ တောင်တက်ထွက်သွားရင်း ပျောက်ဆုံးခဲ့တာပါ။ ဇူလိုင် ၂ ရက်နေ့မှာ Tham Luang ဂူအတွင်း ၂ မိုင်ခွဲခန့်မှာ ပြန်တွေ့ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပါတယ်။

photo: business insider

 

နောက်ဆုံးသတင်းတစ်ပုဒ်အရ ရေဝင်နေတဲ့ ဒီဂူထဲက ကလေးများကို ကယ်ထုတ်ရင်း ရေတပ်သားရေငုပ်သမားတစ်ဦး အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ။်

Share

Loading Next Article...
က္က