ကယ်ဆယ်ရေးပြီးရင် ဂူထဲမှာ ထားခဲ့မှာပါ

ကလေးတစ်ယောက်စာ သယ်နိုင်တဲ့ mini-submarine ကို တီထွင်ထားတဲ့ အီလွန်မတ်စ်ရဲ့ အကူအညီကို ထိုင်းအစိုးရတာဝန်ရှိသူတွေ သုံးမယ် မသုံးဘူးကတော့ ပြောလို့မရသေးတဲ့ အခြေအနေပါ။

Tesla ကားကုမ္ပဏီနဲ့SpaceX အာကာသလုပ်ငန်းတွေ တည်ထောင်ထားတဲ့ ဘီလျံနာ အီလွန်မတ်စ်ကတော့ ထိုင်းနိုင်ငံကို ရောက်လာပါပြီ။ ကလေးတစ်ချို့ပိတ်ဆို့ကျန်နေသေးတဲ့ ဂူကိုလည်း ရောက်ခဲ့ပြီဖြစ်တယ်လို့မတ်စ်က သူ့ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။

"အခုပဲ ဂူအမှတ် ၃ က ပြန်လာတာပါ။ Mini-Sub တွေကလည်း အသုံးလိုရင် အဆင်သင့် ဖြစ်နေပါပြီ။ ဒီပစ္စည်းက ဒုံးကျည်အစိတ်အပိုင်းတွေနဲ့လုပ်ထားတာ ဖြစ်ပြီး Wild Boar လို့နာမည်ပေးထားပါတယ်။ ဒီကလေးတွေကို ကယ်ပြီးရင် ဒီထဲမှာ နောင်တစ်ချိန် ပြန်သုံးလို့ရအောင် ထားသွားမှာပါ"လို့လည်း မတ်စ်က ဆိုပါတယ်။

ကလေးတစ်ယောက်စာ ရေအောက်မှာ သယ်သွားနိုင်တဲ့ မီနီရေငုံ့သဘောၤဟာ အီလွန်မတ်စ်ပိုင် SpaceX နဲ့Boring Company မှ အင်ဂျင်နီယာများ တီထွင်လိုက်တာ ဖြစ်ပြီး အထက်တန်းကျောင်းတစ်ကျောင်းရဲ့ ရေကူးကန်တစ်ခုမှာ စမ်းသပ်အောင်မြင်ထားတာပါ။ ဒီရေငုံ့သဘောၤငယ်ဟာ ရေအောက်ဂူလို ကျဉ်းမြောင်းတဲ့ နေရာမျိုးမှာ အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။

မတ်စ်ဟာ သူ့ရဲ့ Instagram မှာလည်း ကယ်ဆယ်ရေးသမားတွေနဲ့အတူ ရေဝင်နေတဲ့ ဂူအကြောင်း ဗွီဒီယိုတစ်ခုပါ တင်ခဲ့ပါတယ်။ သူတင်ခဲ့တဲ့ Cave 3 ဆိုတာကတော့ ဂူဝင်ပေါက်ကနေ ၂ ကီလိုမီတာခန့်အတွင်းဘက်မှာ ရှိပြီး ထိုင်းကယ်ဆယ်ရေးသမားတွေအတွက် အခြေစိုက်စခန်းအဖြစ် ယာယီပြင်ထားတာပါ။

ဒီကယ်ဆယ်ရေးသမားတွေဟာ နောက်ထပ် အတွင်း ၂ ကီလိုမီတာခန့်မှာ ရှိတဲ့ နေရာက ကလေးတစ်ချို့ကို သွားကယ်ရဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံးသတင်းများအရ နိုင်ငံ့မြောက်ပိုင်း ရေအောက်ဂူထဲက ကလေး ၁၃ ဦးကို ၄ ဦး တစ်ကြိမ် နှုန်းနဲ့၂ ခါကယ်တင်ပြီး ဖြစ်လို့ ၅ ဦး ကယ်တင်ဖို့ကျန်နေသေးပါတယ်။

photo: express.co.uk


NewsHub သတင်းမှာတော့ တစ်ကြိမ်ကို အများဆုံး ၄ ဦးပဲ သယ်နိုင်တာ ဖြစ်လို့အသက် ၂၅ နှစ်အရွယ် ထိုင်းဘောလုံးအသင်းမှ နည်းပြဟာ ဂူထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ရဦးမယ်လို့ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က