အများဆုံး ဒေါ်လာ ၃ သိန်းအထိ ကျသင့်မှာပါ

လာမယ့်နှစ်ကစပြီး အာကာသဟာ တန်ဖိုးကြီးခရီးသွား လုပ်ငန်းဖြစ်လာတော့မှာပါ။

a-ticket-on-jeff-bezos-space-tourism-rocket-will-cost-at-least-200000-990x660.jpg

photo: The Verge

 

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ဂျက်ဖ်ဘီဇော့စ်ပိုင် Blue Origin ရဲ့ အာကာသလက်မှတ်ဖိုးကို အနည်းဆုံး ဒေါ်လာ ၂ သိန်းကနေ ၃ သိန်းကြား သတ်မှတ်သွားဖို့ရှိတယ်လို့ဒီအစီအစဉ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်များက ဆိုပါတယ်။

အာကာသကျွမ်းကျင်သူတွေအမြင်မှာတော့ ဒီလက်မှတ်ဖိုးဟာ အာကာသခရီးသွားလာရေးအတွက် ဈေးကြီးတယ်လို့ပြောမရဘူးလို့ဆိုပါတယ်။ Blue Origin ရဲ့ New Shepard အာကာသခရီးသွားယာဉ်ဟာ ခရီးသွား ၆ ဦးကို အလိုအလျောက် သယ်ဆောင်ပေးဖို့ဒီဇိုင်းထုတ်ထားပြီး ကမ္ဘာမြေအထက် မိုင်ပေါင်း ၆၂ မိုင် အကွာဆီ ခရီးသွားဝန်ဆောင်မှုပေးသွားမှာပါ။

ဒီခရီးစဉ်အကြောင်းကို Blue Orighin အမှုဆောင်များဟာ New Shepard မိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ လကပဲ စီးပွားရေးကွန်ဖရင့်တစ်ခုမှာ ပြောကြားခဲ့ပြီး နောက်နှစ်ကစပြီး လက်မှတ်တွေ ရောင်းချသွားမယ်လို့ပြောခဲ့ပါတယ်။ New Shephard အနေနဲ့နောက်ဆုံးအဆင့် စမ်းသပ်မှုလုပ်နေပြီး ဒီနှစ်အတွင်း ပထမဆုံး ပျံသန်းဖြစ်ဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီကတော့ "ကျွန်တော်တို့အနေနဲ့စီးပွားဖြစ်ခရီးသွားလာရေး မလုပ်ခင်မှာ Blue Origin အာကာသယာဉ်မှူးတွေနဲ့ပျံသန်းသွားမှာပါ။ ဒီအတွင်းတော့ လက်ဖက်ရောင်းတာတို့၊ ခရီးသည်ရွေးချယ်လက်ခံတာတို့ လုပ်ဦးမှာ မဟုတ်ပါဘူး" လို့ထုတ်ပြန်ထားပါတယ်။

Amazon တည်ထောင်သူ ဂျက်ဘီဇော့စ်ဟာ Blue Origin အာကာသလုပ်ငန်းကို ၂၀၀၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ ဂျက်ဘီဇော့စ်ဟာ လကမ္ဘာကို ပစ္စည်းပို့မယ့် အာကာသဝန်ဆောင်မှုကိုလည်း ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖို့ရည်မှန်းထားပြီး New Shephard ခရီးစဉ်မှာ ကမ္ဘာမြေဆီ ပြန်မလာခင် ဆွဲအားမဲ့ မျောလွင့်မှုကို ၁၀ မိနစ် ဝန်ဆောင်မှု ပေးသွားဖို့ရှိပါတယ်။

photo: cnbc

 

Blue Origin နဲ့ပြိုင်ဘက် ရစ်ချက်ဘရန်ဆန်ပိုင် Virgin Galactic ဟာလည်း အာကာသခရီးသွား အစမ်းပျံသန်းမှု လုပ်ဆောင်ထားပြီး လက်မှတ်တစ်စောင်ကို ဒေါ်လာ ၂သိန်းခွဲနှုန်းနဲ့လက်မှတ်ပေါင်း ၇၀၀ ရောင်းချထားပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က