အီလွန်မတ်စ်ကတော့ စိတ်မနှံ့တဲ့ကောင်လို့ပြန်ပြောခဲ့ပါတယ်။

ကမ္ဘာကျော်သွားခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ဂူတစ်ခုအတွင်းမှ ကလေးငယ်များ ကယ်ဆယ်ရေးမှာ အီလွန်မတ်စ်ဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့သူလို့စွပ်စွဲခံနေရပါတယ်။

ဂူထဲက ကလေးများ ကယ်ဆယ်ရေးမှာ အရေးပါသူတစ်ဦး ဖြစ်ခဲ့တဲ့ ဗြိတိန်ရေငုံ့သမား ဗန်းအန်းဆွတ်ကတော့ အီလွန်မတ်စ်ဟာ ကလေးတစ်ယောက်စာ ရေငုပ်သဘောၤနဲ့PR စတန့်ထွင်သွားတာလို့ခပ်ပြင်းပြင်း ဝေဖန်ခဲ့ပါတယ်။ CNN နဲ့တွေ့ဆုံခန်းတစ်ခုမှာတော့ "ဘယ်လိုမှ အလုပ်မဖြစ်ပါဘူး။ ဂူလမ်းကြောင်းက ဘယ်လိုလဲဆိုတာတောင် သူတို့သိတာမှ မဟုတ်တာ" လို့ အန်းစ်ဆွတ်က ပြောပါတယ်။

"သူ့ရဲ့ ရေငုပ်သဘောၤက ၅ ပေ ၆ လက်မလောက် ရှည်တာ။တစ်ချို့ ဂူတွင်းနေရာထောင့်စွန်းတွေနဲ့လည်း မလွတ်ဘူး။ နောက်ပြီး စပြီး ရေငုပ်ထွက်တဲ့ နေရာကနေ ဂူထဲ မီတာ ၅၀ တောင် အဲဒီပစ္စည်းက ရောက်မလာခဲ့ဘူး။ ဒါက PR stunt ထွင်သွားတာပါ"လို့သူက ဆိုပါတယ်။ ဒါ့အပြင် အီလွန်မတ်စ်ကို ကယ်ဆယ်ရေးတာဝန်ရှိသူများက အမြန်ထွက်ခွာသွားဖို့ပြောကြားခဲ့တယ်လို့လည်း သူကပြောပါတယ်။

photo: ABC News


ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အန်းစ်ဆွတ်ရဲ့ ဒီပြောကြားချက်ကို အီလွန်မတ်စ်ဟာ စိတ်မမှန်တဲ့ ကောင်ဆိုပြီး Twitter ကနေ တစ်ဆင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတျယ်။ တနင်္ဂနွေညနေပိုင်းမှာတော့ ဒီ tweet ကို ပယ်ဖျက်ခဲ့ပြီး SpaceX အင်ဂျင်နီယာအဖွဲ့အနေနဲ့mini ရေငုပ်သဘောၤဟာ အချိန်မရွေး သက်သေပြနိုင်တဲ့ အရာ ဖြစ်တယ်လို့ကာကွယ်ပြောဆိုခဲ့ပါတယ်။

Tesla နဲ့SpaceX တည်ထောင်သူ ဘီလျံနာ အီလွန်မတ်စ်ဟာ တောဝက်အသင်းမှ ကလေးငယ် ၁၂ ဦးနဲ့ဘောလုံးအသင်းနည်းပြ အပါအဝင် လူ ၁၃ ဦးကို ကယ်ဖို့ရေငုံ့သဘောၤငယ်တစ်ခုနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့ကို ထိုင်းအစိုးရဆီ စေလွှတ်ခဲ့ပါတယ်။ ထိုင်းအစိုးရအဖွဲ့ကတော့ ဒီရေငုံ့သဘောၤဟာ လက်တွေ့မကျတဲ့ အကူအညီအဖြစ် သတ်မှတ်ခဲ့ပြီး ငြင်းဆန်ခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်ကနေ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ ကလေးများသတင်းဟာ ဇွန်လကုန်ပိုင်းကတည်းက အုတ်အုတ်ကျက်ကျက်နာမည်ကြီးနေတဲ့ ခေါင်းကြီးသတင်း ဖြစ်ခဲ့ပြီး အီလွန်မတ်စ်ဟာ ကလေး ၄ ဦး ကယ်ထုတ်ပြီးနောက် ထိုင်းနိုင်ငံကို ရောက်လာခဲ့တာပါ။

photo: ABC News


လောလောဆယ်မှာတော့ လူမှုကွန်ရက်သုံးစွဲသူများဟာ အီလွန်မတ်စ်ရဲ့ လုပ်ဆောင်ချက်ပေါ် လှောင်ပြောင်ဝေဖန်မှုများ ရှိနေပါတယ်။

Share

Loading Next Article...
က္က