လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ပြောကြားသွားတာပါ

ရုရှားနိုင်ငံအိမ်ရှင်အဖြစ် ကျင်းပသွားခဲ့တဲ့ ၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ချိန်မှာ ထူးထူးခြားခြား မှတ်တမ်းမှတ်ရာများက သတိရစရာအဖြစ် ကျန်နေခဲ့ပါတယ်။

20180716T052849Z_1_LYNXMPEE6F0DW_RTROPTP_3_SOCCERWORLDCUPDRAWSECURITY.JPG

photo: Reuters

 

အိမ်ရှင် ရုရှားနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲကာလအတွင်း ဆိုက်ဘာတိုက်ခိုက်မှုနဲ့အခြား ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ပေါင်း ၂၅ သန်း နီးပါးကို ကာကွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ္ဘာ့ဖလား ဖိုင်နယ်ပြိုင်ပွဲအပြီးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်မှ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကမ္ဘာ့ဖလားပွဲကာလအတွင်း ရုရှားနိုင်ငံရဲ့ သတင်းအချက်အလက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့အခြား ရာဇဝတ်မှုပေါင်း ၂၅ သန်းနီးပါးနဲ့ကြုံတွေခဲ့ပါတယ်။ ဒါတွေက ကမ္ဘာ့ဖလားနဲ့တစ်နည်းမဟုတ် တစ်နည်းဆက်စပ်နေတာပါ။ " လို့လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သမ္မတအနေနဲ့ယခုတိုက်ခိုက်မှုများရဲ့ လက်သည်တရားခံကို ညွှန်းဆိုခြင်းတော့ မရှိခဲ့ပါဘူး။

"ဒီ (ကမ္ဘာ့ဖလား) ပွဲကို အောင်အောင်မြင်မြင် စီစဉ်နိုင်ခဲ့တာဟာ ကြီးမားတဲ့ ကြိုတင်ပြင်ဆင်မှု ၊ လုပ်ဆောင်နိုင်စွမ်း ၊ သုံးသပ်စိတ်ဖြာနိုင်စွမ်း နဲ့သတင်းအချက်အလက် လုပ်ဆောင်ချက်တွေမှာ ကျွန်တော်တို့အမြင့်ဆုံး စွမ်းရည်နဲ့အာရုံစူးစိုက်တွေကြောင့်ပါ" လို့သူက ဆိုပါတယ်။

photo: cnmnewz

 

ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ မြို့ပေါင်း ၁၁ မြို့၊ ဘောလုံးကွင်းပေါင်း ၁၂ ကွင်းမှာ ကမ္ဘာ့ဖလားပွဲ ကျင်းပခွင့် ရသွားတဲ့ ရုရှားဟာ အနောက်ကမ္ဘာမှ ဆိုက်ဘာတိုက်ခိုက်မှုများရဲ့ အဓိက လက်သည်တရားခံအဖြစ် စွပ်စွဲခံထားရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ရုရှားထောက်လှမ်းရေး အရာရှိ ၁၂ ဦးကို ဟီလာရီ ကလင်တန်ရဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲကို ဆိုက်ဘာတိုက်ခိုက်မှုနဲ့အရေးယူထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က