ခေတ်သစ် သမိုင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဘီလျံနာအညွှန်းမှာ ထူူးခြားချက်က နည်းပညာနယ်ပယ်ကနေ ဘီလျံနာ ဒါဇင်နဲ့ချီပြီး ပေါ်ထွက်ခဲ့တာပါ။ နောက်ထပ် ထူးခြားတာတစ်ခုက ကမ္ဘာ့အချမ်းသာဆုံး လူ ၃ ဦးဟာလည်း နည်းပညာနယ်ပယ်က ဖြစ်နေပါတယ်။



photo: pedestrian

 

ငွေကြေးဖောင်းပွမှုကိုပါ ထည့်တွက်ကြည့်ရင် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံးသူကြွယ်ဟာ အသက် ၅၄ နှစ်အရွယ် Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်လို့အခိုင်အမာပြောနိုင်ပါတယ်။ လက်ရှိ ဘီဇော့စ်ဟာ အသားတင် ဒေါ်လာဘီလျံ ၁၅၀ ကျော် ချမ်းသာထားပြီး ၁၉၉၉ ခုနှစ်က Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ် ရဲ့ အမြင့်ဆုံးကြွယ်ဝချက် ဒေါ်လာ ဘီလျံ ၁၀၀ ထက်ကို ပိုချမ်းသာနေပါတယ်။

တစ်ခုရှိတာက ၁၉၉၉ ခုနှစ်က ဘီလ်ဂိတ်စ်ပိုင်ဆိုင်ခဲ့တဲ့ ဒေါ်လာ ဘီလျံ ၁၀၀ ဟာ ဒီနေ့ခေတ်နဲ့ဆိုရင် ဒေါ်လာ ၁၄၉ ဘီလျံဝန်းကျင်နဲ့ညီမျှနေပါတယ်။ ဘီဇော့စ်ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ရောက်လာခဲ့ပြီး ဒီနေ့အချိန်အထိ အချမ်းသာဆုံး နေရာက မဆင်းသေးပါဘူး။

ဂျက်ဘီဇော့စ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း Amazon ရဲ့ စတော့ဈေးနှုန်း ထိုးတက်ခြင်းကြောင့် နှစ်ဆကျော် ချမ်းသာခဲ့ပါတယ်။ လက်ရှိမှာ Amazon ရဲ့ ရှယ်ယာတစ်စုဟာ ၁၈၄၁.၉၅ ဒေါ်လာထိ ရှိပြီး ကုမ္ပဏီတန်ကြေးအနေနဲ့ဒေါ်လာ ၈၉၀ ဘီလျံ အထိ ရှိနေပြီ ဖြစ်ပါတယ်။ မှတ်တမ်းများအရ ဂျက်ဖ်ဘီဇော့စ်ဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း သမိုင်းမှာ ပြိုင်ဘက်မရှိ အချမ်းသာဆုံးနေရာမှာ ရှိထားဆဲပါ။

သို့သော်လည်း နိုင်ငံ GDP ရှယ်ယာအလိုက် ချမ်းသာမှုမှာတော့ ဘီဇော့စ်ဟာ အချမ်းသာဆုံးမဟုတ်သေးပါဘူး။ ၁၉၀၀ ပြည့်လွန်နှစ်များက အမေရိကန်ရဲ့ GDP တစ်ခုလုံးထဲမှ ၂% ကြွယ်ဝသူ ပထမဆုံး ဘီလျံနာ ဂျွန်ဒီ ရော့ခ်ဖဲလားဟာ သမိုင်းမှာ အကြွယ်ဝဆုံးသူကြွယ်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

photo: CNN Money

 

၂၀၁၇ မှတ်တမ်းများအရ ၁၉၁၃ ခုနှစ်က ရော့ခ်ဖဲလားရဲ့ ပိုင်ဆိုင်မှုဟာ လက်ရှိငွေကြေးတန်ဖိုးနဲ့ဆို ဒေါ်လာ ၃၃၅ ဘီလျံ အထိ ရှိတယ်လို့ဆိုတာကြောင့် ဂျက်ဖ်ဘီဇော့်အနေနဲ့ရော့ခ်ဖဲလားကို ကျော်တက်ဖို့လမ်းတစ်ဝက်ရောက်နေပြီလို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က