နောက်ထပ် ဆေးရုံတစ်ရုံလည်း အလားတူ တိုက်ခိုက်မှုနဲ့ကြုံရဖို့ရှိပါတယ်။
ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ နိုင်ငံတစ်နိုင်ငံက လက်သပ်မွေးထားတ့ ဟက်ကာတွေရဲ့လက်ချက်လို့သံသယဖြစ်နေကြပါတယ်။

photo: Today Online

 

စကာၤပူနိုင်ငံဟာ နိုင်ငံ့သမိုင်းမှာ အဆိုးဝါးဆုံး ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်နဲ့ကြုံတွေ့ခဲ့ပြီး ဝန်ကြီးချုပ်အပါအဝင် လူပေါင်း ၁ သန်းခွဲကျော်ရဲ့ အချက်အလက်များ ခိုးယူခံရတယ်လို့ဒေသတွင်း သတင်းမီဒီယာများမှ ဖော်ပြထားပါတယ်။ စကာၤပူနိုင်ငံရဲ့ အကြီးဆုံး ကျန်းမာရေး ဝန်ဆောင်မှုဌာနကြီး ဖြစ်တဲ့ SingHealth ကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဒီအမှုမှာ လူနာပေါင်း ၁.၅ သန်းရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက် profile များ ခိုုးယူခံခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက် ရှိရှိနဲ့ အစီအစဉ်ချနပြီး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ရပ်အဖြစ် အစိုးရမှ ထုတ်ပြန်ခဲ့ပါတယ်။

ယခုတိုက်ခိုက်မှုဟာ ၂၀၁၅ မေလ ၁ ရက်နေ့မှ ယခုနှစ် ဇူလိုင် ၄ ရက်နေ့အထိ SingHealth ကို ဆေးလာစစ်သူများရဲ့ အချက်အလက်များကို ပစ်မှတ်ထားခဲ့တာပါ။ လူနာပေါင်း ၁.၅ သန်းဟာ လူဦးရေ ၅.၆ သန်းရှိတဲ့ စကာၤပူနိုင်ငံ လူဦးရေရဲ့ လေးပုံ တစ်ပုံ ပမာဏလည်း ဖြစ်တယ်လို့အစိုးရအဖွဲ့မှ ဆိုပါတယ်။

SingHealth ရဲ့ ဒေတာဘေ့စ်ထဲမှ အခိုးယူခံရတဲ့ အချက်အလက်များထဲမှာ လူနာ နာမည်များ ၊ လိပ်စားများ ပါဝင်ခဲ့ပြီး ဆေးမှတ်တမ်းတော့ မပါဝင်ခဲ့ဘူးလို့ဆိုပါတယ်။ တစ်ခုရှိတာက ဒီထဲက လူနာပေါင်း ၁ သိန်း ၆ သောင်းနဲ့သက်ဆိုင်တဲ့ ဆေးဝါးအချက်အလက်များတော့ ရယူသွားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

photo: Today Online

 

"အခုထိတော့ ဆေးမှတ်တမ်းတွေ ဖျက်ဆီးတာမျိုးတော့ မရှိသေးပါဘူး။ ရောဂါမှတ်တမ်း မှတ်ရာတို့၊ ဆရာဝန်ဆေးစစ်ချက်တို့စတဲ့ လူနာအချက်အလက်တွေလည်း မပေါက်ကြားသေးပါဘူး။ ဒါမျိုး တစ်ခြား ပြည်သူ ကျန်းမာရေးဆိုင်ရာ အိုင်တီစနစ်တွေမှာ ပေါက်ကြားတဲ့ အမှုမျိုးတော့ မတွေ့၇သေးပါဘူး" လို့အစိုးရအဖွဲ့က ဆိုပါတယ်။

အစိုးရရဲ့ ပင်မ ကျန်းမာရေးအဖွဲ့အစည်းနှစ်ခုမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ SingHealth ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု ကြုံပြီးနောက် ဆေးရုံတာဝန်ရှိသူများမှ ဆေးရုံရဲ့ ကွန်ပျူတာပေါင်း ၂၈၀၀၀ နဲ့အင်တာနက်ချိတ်ဆက်ရယူမူကို ဝန်ထမ်းများအား ယာယီပိတ်ပင်ထားတယ်လို့လည်း StraitTimes သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုပုံစံအရ e-mails များကနေ ဝင်ရောက်ခဲ့ပြီး အထောက်အထား စာရွက်စာတမ်းများကို ပြန် share သွားတာ ဖြစ်ပါတယ်။ နောက်ထပ် ကျန်းမာရေးဌာနဟာလည်း အလားတူ ဆိုက်ဘာတိုက်ခိုက်မှုများနဲ့ကြုံတွေ့ရဖို့ရှိနေပါတယ်။

နိုင်ငံကို ဦးတည်ပြီး ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို ယခုနှစ်ဆန်းပိုင်းက ဂျာမဏီအစိုးရဝန်ကြီး ဝက်ဘ်ဆိုက်များ ၊ ယူကေမှ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု NHS တို့လည်း တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်တစ်ခုအရ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားပေါင်း ၂၉ သန်းခန့်ရဲ့ ဒစ်ဂျစ်တယ် ကျန်းမာရေးအချက်အလက်များ ပေါက်ကြားမှု ဖြစ်ခဲ့ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ပုံ/ ဝန်ကြီးချုပ် လီရှန်လွန်း photo: CNN Money

 

ယခုပေါက်ကြားခဲ့တဲ့ အချက်အလက်များထဲမှာ စကာၤပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ကျန်းမာရေးမှတ်တမ်းများလည်း ပါဝင်ခဲ့ပြီး သူဟာ ဟက်ကာများရဲ့ အဓိကပစ်မှတ် ဖြစ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ မစ္စတာလီဟာ ကင်ဆာရောဂါကို နှစ်ကြိမ်တိုင် ကြုံတွေ့ခဲ့သူ နိုင်ငံ့ခေါင်းဆောင်လည်း ဖြ

Share

Loading Next Article...
က္က