ချွင်းချက်အနေနဲ့သုံးလို့ရမယ့် အခြေအနေများ ရှိပါတယ်။

ဒီနှစ် စက်တင်ဘာလကစပြီး ပြင်သစ်နိုင်ငံက ကျောင်းသားတွေဟာ စမတ်ဖုန်းတွေကို ကျောင်းမှာ သုံးခွင့် မရှိတော့ပါဘူး။



france-bans-smartphones-in-schools__939586_.jpg

Photo: PressFrom

 

ဒီတစ်ပတ် တနလာၤနေ့က ပြင်သစ် ဥပဒေပြုအဖွဲ့ဟာ အသက် ၁၅ နှစ်အထိ ကျောင်းသားများ ကျောင်းတွင်း စမတ်ဖုန်း နဲ့တက်ဘလက်စတဲ့ ထုတ်ကုန်တွေ ယူဆောင်လာခြင်းကို ဥပဒေနဲ့တားမြစ်လိုက်ပါတယ်။ ဒီဥပဒေအရ ကျောင်းကို စမတ်ဖုန်းယူလာခဲ့ရင်တောင် စက်ပိတ်ထားရမှာပါ။ ပြင်သစ်အာဏာပိုင်များကတော့ ဒါဟာ ကျောင်းနေအရွယ် ကလေးငယ်များ စမတ်ဖုန်းစွဲလမ်းမှု ကာကွယ်ရေးနဲ့ကျောင်းစာသင်ခန်းကောင်းကျိုးအတွက် ဖြစ်တယ်လို့ဆိုပါတယ်။

"ဒီနေ့ခေတ်မှာ screen စွဲလမ်းမှု ဖြစ်လာပြီဆိုတာ ကျွန်တော်တို့သိထားပါတယ်။ အဓိက ကျွန်တော်တို့လုပ်နေတာက ကလေးတွေနဲ့လူငယ်တွေကို ဒါကနေ ကွာကွယ်ဖို့ပါ။ ဒီဟာ ပညာရေးကဏ္ဍအတွက် အခြေခံကျတဲ့ အချက်ဖြစ်လို့ဒီဥပဒေကို ခွင့်ပြုလိုက်တာပါ" လို့ပညာရေးဝန်ကြီး ယန်းမစ်ချယ်ဘလန်ကွာက ဆိုပါတယ်။

ဒီဥပဒေဟာ ပညာရေးအတွက် စမတ်ဖုန်းသုံးစွဲမှု ၊ မသန်စွမ်းကျောင်းသားများအတွက် နည်းပညာအကူ သုံးစွဲမှုအပါအဝင် ချွင်းချက်အနေနဲ့စမတ်ဖုန်း သုံးစွဲခွင့်တစ်ချို့လည်း ပေးထားပါတယ်။ ဥပဒေအတွက် မဲရွေးချယ် ဆုံးဖြတ်မှုမရှိခင်ကတည်းက ပြင်သစ်နိုင်ငံမှာ စာသင်ခန်းအတွင်း ကျောင်းသားများရဲ့ ဖုန်းသုံးစွဲမှုကို ကန့်သတ်ထားခဲ့တာပါ။

၂၀၁၇ ပြင်သစ်ရွေးကောက်ပွဲကာလအတွင်း သမ္မတလောင်း အီမန်နျူရယ် မက်ခရွန်ဟာ ကျောင်းခန်းအတွင်း ဖုန်းသုံးစွဲမှု လုံးဝပိတ်ပင်ဖို့အဆိုပြု တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ကလည်း အလုပ်ဖိအားလျှော့ချဖို့အတွက် အလုပ်ချိန်ပြင်ပ အီးမေးလ်သုံစွဲမှုနဲ့နည်းပညာ အသုံးပြုမှုကို ကန့်သတ်မယ့် ဥပဒေကြမ်း ပြဌာန်းခဲ့ပါတယ်။

Photo: Sky News

 

နည်းပညာစွဲလမ်းမှုဟာ အင်တာနက်ခေတ်ရဲ့ ပြဿနာကြီးတစ်ခု အဖြစ် ရှိနေပါတယ်။ ဒီထဲမှာ စမတ်ဖုန်းစွဲလမ်းလာခြင်းဟာ အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်လာချိန်မှာ နိုင်ငံတစ်ချု့ိကတော့ ဒီပြဿနာအတွက် အဖြေရှာနေကြပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က