ရဲတပ်ဖွဲ့မှ သူ့ကို ဖမ်းဆီးထားပါတယ်။

CZ12 လို့လူသိများတဲ့ မင်းသားကြီး ဂျက်ကီချမ်းသရုပ်ဆောင်ထားတဲ့ Chinese Zodic ထဲမှ ရိုလာစကိတ်ဝတ်စုံမျိုးကို အပြင်လောကမှာ တရုတ်နိုင်ငံသားတစ်ဦးက လက်တွေ့တီထွင်စမ်းသပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ လူပြောများနေပါတယ်။

zoom-suit3.jpg

Photo: shanghai.ist

 

အမည်ဖော်ပြမထားတဲ့ ဒီလူဟာ အဝေးထိန်း ဘီးတွေ တပ်ဆင်ထားတဲ့ ဝတ်စုံကို တီထွင်ခဲ့ပြီး ယာဉ်ကြောကျပ်နေတဲ့ လမ်းမပေါ် ကိုယ်တိုင် စမ်းသပ်မောင်းနှင်ခဲ့တာပါ။ CZ12 ထဲက အတိုင်း သူ့ဝတ်စုံဟာ မြေပြင်ပေါ်မှာ အလျားမှောက်ပြီး လိုက်ပါ စီးနင်းရတာ ဖြစ်လို့ယာဉ်မတော်တဆမှုအတွက် အလွန်အန္တရာယ်ကြီးတဲ့ စမ်းသပ်မှုလည်း ဖြစ်ခဲ့ပါတယ်။

ကျောပိုးအိတ်တစ်လုံးလို ခေါက်သိမ်း သယ်ဆောင်နိုင်တဲ့ ဒီဝတ်စုံဟာ အသုံးလိုတဲ့ အခါမှသာ ဖြန့်ပြီး သုံးရမှာပါ။ ဒီဝတ်စုံဟာ ဘက်ထရီတစ်ခါတည်း ပါလာတဲ့ ဝတ်စုံဖြစ်ပြီး ကိုယ်ထည် ၊ လက်နဲ့ခြေထောက်နေရာများမှာ remote-control လုပ်နိုင်တဲ့ ဘီးတွေ တပ်ဆင်ထားပါတယ်။ မောင်းနှင်ရာမှာလည်း လက်နဲ့ခြေထောက်တွေကို စကိတ်စီးသလိုမျိုး လှုပ်ရှားပေးရတာပါ။

 

သူကိုယ်တိုင်ကလည်း CZ12 ရုပ်ရှင်ထဲက ဝတ်စုံကနေ စိတ်ကူးရပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြင်သစ်ကနေ ဝတ်စုံဒီဇိုင်းပညာလေ့လာခဲ့တဲ့ သူဟာ ယခုဝတ်စုံအတွက် ယွမ် ၁ သိန်းနီးပါး အကုန်အကျခံ တီထွင်ထားတာ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။။

ဒီလူဟာ ကားလမ်းပေါ် ၅ မိနစ်ကျော် ကြာအောင် ဝတ်စုံကို စမ်းသပ်ပြီးနောက်  ယာဉ်ထိန်းရဲများမှ တွေ့မြင်သွားခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ သူဟာ တရုတ်နိုင်ငံရဲ့ ယာဉ်လမ်းကြောင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုအပြင် အများပြည်သူကို နှောင့်ယှက်မှုနဲ့တရားစွဲခံရဖို့ရှိပါတယ်။

Photo: nerdist

 

လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့သူ့ကို ဘယ်လိုအမှုမျိုးနဲ့တရားထပ်စွဲရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ သူ့ကို တရုတ်ပြည်ရဲ့ ဂျက်ကီချမ်းဆိုပြီး ချီးကျူးကြသူများနဲ့ယာဉ်စည်းကမ်းလိုက်နာဖို့ဝေဖန်သူများနဲ့ပွဲဆူနေပါတယ်။

Share

Loading Next Article...
က္က