ယွမ် ဘီလျံ ၁၀၀ အထိ ရင်းနှီးမြှပ်နှံသွားမှာပါ

တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အိမ်ခြံမြေလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ China Evergrande Group ဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ တည်ဆောက်ဖို့ပါဝင်တဲ့ တရုတ်သိပ္ပံအကယ်ဒမီမှ လုပ်ဆောင်နေတဲ့ အဆင့်မြင့် နည်းပညာပရောဂျက် ၆ ခုမှာ ယွမ် ၁.၆၅ ဘီလျံ (ဒေါ်လာ ၂၃၉.၅၃ သန်း) ရင်းနှီးမြှပ်နှံထားတယ်လို့ကြေငြာထားပါတယ်။



download.jpg

Evergrande Group (Photos: Reuters)

 

China Evergrande Group ဟာ AI ဉာဏ်ရည်တု နည်းပညာ ၊ ခွဲစိတ်ကုသရေးဆိုင်ရာ စက်ရုပ်ပရောဂျက် ၊ လူမဲ့ ယာဉ်ပျံစီမံကိန်း ၊ ကျန်းမာရေးနည်းပညာ နဲ့ဓါတုနည်းပညာ စတဲ့ ပရောဂျက်များနဲ့အတူ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ တည်ဆောက်ဖို့ပါ ရင်းနှီးမြှပ်နှံထားတာပါ။ ဒီပရောဂျက် ၆ ခုစလုံးအတွက် လက်ရှိ သုံးစွဲနေတဲ့ တန်ဖိုးဟာ ယွမ် ၄.၆ ဘီလျံ ရှိပါတယ်။

စူပါကွန်ပျူတာတွေဟာ အလွန်စွမ်းအားကောင်းတဲ့ ကွန်ပျူတာစနစ်များ ဖြစ်ပြီး အဆင့်မြင့် တွက်ချက်လုပ်ဆောင်မှုပေါင်းများစွာကို လုပ်ဆောင်နိုင်ဖို့processor သိန်းပေါင်းများစွာနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီကွန်ပျူတာတွေရဲ့ လုပ်ဆောင်နိုင်စွမ်း performance ကို petaflops (တစ်စက္ကန့်အတွင်း အလုပ်လုပ်ဆောင်နိုင်မှုပေါင်း floating points ထရီလီယံ တစ်ထောင်) နဲ့တိုင်းတာကြပါတယ်။

စူပါကွန်ပျူတာတွေကို ရာသီဥတုအပြောင်းအလဲဆိုင်ရာ တွက်ချက်ခြင်း ၊ နျူကလီးယားလက်နက် သရုပ်ပြစမ်းသပ်ခြင်း ၊ ရေနံရှာဖွေရေး ၊ ရာသီဥတုခန့်မှန်းတွက်ချက်ခြင်း ၊ မျိုးရိုးဗီဇဆိုင်ရာ လေ့လာချက်များ နဲ့ဇီဝမော်လီကျူးများကို မော်ဒယ်ချခြင်းများ စတဲ့ တွက်ချက်မှုကြီးများကို လုပ်ဆောင်နိုင်ပါတယ်။

Evergrande ဟာ သိပ္ပံအကယ်ဒမီမှာ နှစ်ဆန်းပိုင်းက အဆင့်မြင့် နည်းပညာကဏ္ဍအတွက် ယွမ် ဘီလျံ ၁၀၀ အထိ ရင်းနှီးမြှပ်နှံမယ်လို့ကြေငြာခဲ့တာပါ။ ယခု ရင်းနှီးမြှပ်နှံမှုကတော့ ကုမ္ပဏီရဲ့ ပထမ ခြေလှမ်းလို့ဆိုနိုင်ပါတယ်။ ဧပြီလမှာတော့ Evergrande ဟာ နည်းပညာမြင့် စိုက်ပျိုးရေးကဏ္ဍကို ဦးတည်တဲ့ ကုမ္ပဏီတစ်ခု ဖွဲ့စည်းခဲ့ပါတယ်။

Photo: South China Morning Post

 

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး စူပါကွန်ပျူတာများ ရှိတဲ့ နိုင်ငံဖြစ်ပြီး မှတ်တမ်းများအရ စူပါကွန်ပျူတာပေါင်း ၂၀၂ လုံးအထိ ပိုင်ဆိုင်ထားတာပါ။ နည်းပညာမြင့် စက်မှုနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အမေရိကန်ကတော့ စူပါကွန်ပျူတာ ၁၄၃ လုံးပဲ ရှိထားပြီး ကမ္ဘာ့ဒုတိယအများဆုံး စူပါကွန်ပျူတာ ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က