အရင်နှစ်ကထက် ၂ ဆနီးပါး ပိုများလာတာပါ

မိုဘိုင်းလ်ဂိမ်းဈေးကွက်ရဲ့ တကယ့်ဖောက်သည်တွေက အမျိုးသမီးတွေ ဖြစ်တယ်လို့Liftoff ဈေးကွက်စစ်တမ်းရဲ့ အချက်အလက်များက ဖော်ပြနေကြပါတယ်။

11.PNG

Photo: Liftoff

 

Liftoff ရဲ့ ရီပို့မှာတော့ ဂိမ်းဆော့ရင်း in-apps ဝယ်ယူတဲ့ ပမာဏအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ငွေကြေးသုံးစွဲမှုဟာ ၇၉% ထိ ပိုများနေတယ်လို့ဆိုပါတယ်။ အမျိုးသမီးဂိမ်းကစားသူများဟာ ဂိမ်းတစ်ခုကို install သွင်းပြီးနောက်ပိုင်း in-app contents တွေ ဝယ်ယူမှုဟာ ၁၆.၇% သုံးစွဲကြတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ် Liftoff မိုဘိုင်းဂိမ်း အက်ပလီကေးရှင်း စစ်တမ်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဇွန်လ နဲ့၂၀၁၈ မေလအတွင်း ဂိမ်း app ပေါင်း ၃၅၀ ကနေ ရလာတဲ့ အချက်အလက်များကနေ စစ်တမ်းထုတ်ထားတာပါ။ ဒီစစ်တမ်းအရ  ၂၀၁၆-၂၀၁၇ ကာလထက်စာရင် အမျိုးသမီးများ ဂိမ်းဆော့ရင်း in-apps ဝယ်ယူမှုဟာ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့တွေ့ရှိထားပါတယ်။

အမျိုးသမီးများဟာ အချင်းချင်း ပြန်ညွှန်းကြတဲ့ ဂိမ်းနဲ့ပဟေဠိဂိမ်းမျိုး ကို ဆော့ရတာ ပိုနှစ်သက်ပြီး ဒီအချက်ဟာ ဂိမ်းရေးဆွဲတဲ့ developers များအတွက် သီးသန့်အာရုံထားစရာ အချက်လည်း ဖြစ်နေပါတယ်။ Liftoff စစ်တမ်းမှာပဲ iOS ဂိမ်းဆော့သူများဟာ အန်းဒရိုက်ဂိမ်းဆော့သူများထက် ဂိမ်းဆော့ရင်း ငွေကုန်ကြေးကျ ပိုုခံတယ်လို့ဖော်ပြထားပါတယ်။

"အမျိုးသမီးတွေက ဈေးကွက်ကို တကယ်အကျိုးအမြတ်ရှိစေပါတယ်။ ဒီလို အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ကွဲပြားခြားနားတဲ့ နည်းဗျူဟာတစ်ခု ဖော်ဆောင်ရပါတယ်" လို့Liftoff ရဲ့ CEO မာ့ခ်အဲလစ်က ဆိုပါတယ်။ ဒါ့အပြင် အခုခေတ်ဟာ မိုဘိုင်းဂိမ်းတွေရဲ့ ရွှေခေတ်လို့ယုံကြည်နေပါတယ်။ အကြောင်းကလည်း ဂိမ်းကနေ ကြော်ငြာဝင်ငွေ ၊ ဂိမ်းဆော့ရင်း သုံးစွဲလိုက်တဲ့ ငွေပမာဏဟာ တဟုန်ထိုး မြင့်တက်လာနေလို့ပါပဲ။

 

ဈေးကွက်အရ အာရှ ဒေသတွင်း ဂိမ်မာတွေဟာ in-app ဝယ်ယူမှု နည်းပါးနေပြီး ရုရှား ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့အာဖရိကတို့မှ ဂိမ်းသမားတွေကတော့ မိုဘိုင်းဂိမ်းတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်တွေ ဖြစ်နေတယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က