နောက်နှစ်စက်တင်ဘာမှာ ရာထူးသစ်ကို ဆက်ခံသွားမှာပါ

Alibaba တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်တော့မယ့်အချိန်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီ e-Commerce လုပ်ငန်းစုကြီးရဲ့ ခေါင်းကိုင်ဖခင် ဂျက်မားဟာ ရာထူးက အနားယူတော့မယ်လို့တရားဝင် ကြေငြာလိုက်ပါတယ်။  မာလ်တီဘီလျံဒေါ်လာတန် ဒီလုပ်ငန်စုကြီးကိုု လက်ပြောင်း ဦးဆောင်မယ့်သူဟာ ဘယ်လိုလူ ဖြစ်မလဲ။


Photo: The Star

 

Alibaba မှာ အစဉ်အလာတစ်ခုကတော့ ဝန်ထမ်းသစ်တွေကို နာမည်ပြောင်ပေးတတ်တာလို့ဆိုပါတယ်။ ဒန်နီယယ် ဂျောင်ရဲ့ နာမည်ပြောင်က လွတ်လပ်ပြီး အနှောင်မဲ့သူလို့အဓိပ္ပါယ်ရပါတယ်။ Alibaba Group လိုမျိုး ဝန်ထမ်း ၉ သောင်းနီးပါး ရှိတဲ့ လုပ်ငန်းကြီးများ သူ့ကို CEO တစ်ယောက် ၊ ဒန်နီယယ် သို့မဟုတ် မစ္စတာ ဂျောင်လို့ခေါ်တာ ရှားပါတယ်။ ရှောင်အိုယောဇီလို့ခေါ်ကြပါတယ်။

ဂျက်မားကိုယ်တိုင် ယုံယုံကြည်ကြည် နေရာပေးခံရတဲ့ သူဟာ Alibaba လုပ်ငန်းစုကြီးကို သုံးလပတ်ဘဏ္ဍာရေးကာလ ၁၃ ခု ဆက်တိုက် တိုးတက်လာအောင် စွမ်းဆောင်နိုင်သူ ဖြစ်တယ်လို့ဂျက်မားရဲ့ ဝန်ထမ်းများထဲံ အသိပေးစာမှာ ဖော်ပြထားပါတယ်။ ဂျောင်ဟာ အရင်နှစ် နိုဝင်ဘာ ၁၁ ရက် Singles Day မှာ Alibaba ကို ၁၂ နာရီတည်းနဲ့ရောင်းအား ဒေါ်လာ ၁၈ ဘီလျံကျော်ဖို့ရအောင် ဦးဆောင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

အခုချိန်မှာ အသက် ၄၆ နှစ်ရှိလာပြီ ဖြစ်တဲ့ ဂျောင်ဟာ ရှန်ဟိုင်း စီးပွားရေးတက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ်က စပြီး Alibaba ပိုင် Taobao မှာ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် အလုပ်စဝင်ခဲ့တာပါ။ နောက်နှစ်ရောက်ချိန်မှာ Taobao ရဲ့ COO ဖြစ်လာပြီး ၂၀၁၁ ခုနှစ်မှာ Tmall.com ရဲ့ ဥက္ကဌအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ Tmall မှာ ရာထူးကြီးနဲ့အလုပ်ဝင်ချိန်မှာ သူဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်း ရှော့ပင်ဒေးဖြစ်တဲ့ Single's Day ရောင်းပွဲကို ဖန်တီးခဲ့တာပါ။

Alibaba မှာ CEO ဖြစ်လာတာကတော့ ၂၀၁၅ ခုနှ်မှာ ဖြစ်ပြီး ၃ နှစ်အတွင်း သူ့ရဲ့ အမြော်အမြင်ကြီးမှုနဲ့ထက်မြက်တဲ့ သုံးသပ်နိုင်စွမ်းအပြင် ခေါင်းဆောင်တစ်ဦးရဲ့အဆင်ခြင်ကြီးခြင်းနဲ့နှိမ့်ချမှုကို ငယ်သားအားလုံးလိုလိုက လေးစားခဲ့ကြတာပါ။ ဂျက်မားကတော့ သူ့အနေနဲ့ဒန်နီယယ်နဲ့သူ့ရဲ့ အဖွဲ့ကို အခုလို နေရာပေးခြင်းဟာ မှန်ကန်တဲ့ အချိန်တစ်ခုမှာ မှန်ကန်တဲ့ အဆုံးအဖြတ်ကို လုပ်ခဲ့တာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

၁၉၉၉ ခုနှစ်က Alibaba ကို မိတ်ဆွေ ၁၇ ဦးနဲ့တည်ထောင်ခဲ့တဲ့ ဂျက်မားဟာ ကုမ္ပဏီသက်တမ်း အနှစ် ၂၀ ပြည့်မယ့် ၂၀၁၉ စက်တင်ဘာ ၁၀ ရက်မှာ ရာထူးက အနားယူပြီး ဘုတ်အဖွဲ့ဝင်ဒါရိုက်တာအဖြစ်ပဲ ပဲ့ကိုင်သွားမယ်လို့ဆိုပါတယ်။ ၂၀၂၀ ရောက်ချိန်မှာ ဘုတ်အဖွဲ့ဝင်ရာထူးကနေ အပြီးတိုင် နှုတ်ထွက်ဖို့အထိ စဉ်းစားထားတဲ့ သူကတော့ ပရဟိတပညာရေးဘက်ကို အာရုံစိုက်သွားမှာပါ။

Photo: Marketing-Interactive

 

ရှေ့ဆက်သွားမယ့် Alibaba ခရီးမှာ သူ ဟာ ကုမ္ပဏီရဲ့ ရှေ့ရေးအတွက် အထူးဖွဲ့စည်းထားတဲ့ အကြီးတန်းခေါင်းဆောင် ၃၆ ဦးပါဝင်တဲ့ Alibaba Partnership အစီအစဉ်ကို တည်ထောင်ပေးထားပါတယ်။ "လူတစ်ယောက်ပေါ်ပဲ ကိုးစားတာ စနစ်တစ်ခုတည်းနောက် မျက်ကန်းလိုက်တာက ပြဿနာတွေ မဖြေရှင်းနိုင်ဘူး" ဆိုတာကတော့ ဂျက်မားရဲ့ မှတ်သားစရာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က