AI နည်းပညာ ဖွံ့ဖြိုးမှုကို ကန့်သတ်ရာရောက်မှာလည်း စိုးရိမ်နေကြပါတယ်။

နိုင်ငံတကာမှာ လူသတ်စက်ရုပ်တွေ သုံးစွဲမှု ပိတ်ပင်ဖို့ဟာ အတော်လေး ခရီးရောက်နေပါပြီ။



Robot-Mule-1500-SFW.jpg

Photo: forces.net

 

ဥရောပပါလီမန်မှာတော့  လူမလိုဘဲ အလိုအလျောက် လက်နက်စနစ်အသုံးပြုမှုနဲ့ ထုတ်လုပ်မှုကို ဟန့်တားဖို့ခြေလှမ်းတစ်ရပ်ကို လှမ်းနေပါတယ်။ တစ်ချို့ကလည်း ဒါဟာ AI ရဲ့ သိပ္ပံဖွံ့ဖြိုးမှုကို ကန့်သတ်လိုက်သလို ဖြစ်သွားမလားစိုးရိမ်နေကြပါတယ်။

တစ်ဘက်မှာလည်း နိုင်ငံတစ်ချို့ဟာ စစ်ပွဲတွေမှာ တိုက်ခိုက် ဖျက်ဆီးရေးအတွက် စက်ရုပ်နဲ့အလိုက်အလျောက် လက်နက်စနစ်တွေ သုံးလာတာဟာ လုံခြုံရေးအတွက် ပြဿနာတစ်ရပ်ကို ဦးတည်နိုင်တယ်လို့ဆိုပါတယ်။

"ဒါဟာ မဝေးတော့တဲ့ အနာဂါတ်တစ်ခုမှာ သို့မဟုတ် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုကြောင်း စကားနိုင်လုပြောသလို ဖြစ်နေမှာပါ။ တကယ်က မဟုတ်ပါဘူး" လို့EU ရဲ့ နိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒအကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီက ပါလီမန်စကားစစ်ထိုးပွဲမှာ ပြောခဲ့ပါတယ်။

အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းကို ဆုံးဖြတ်ခွင့်ဟာ လူတွေ လက်ထဲကနေ စက်တွေဆီ ထိုးပေးထားတာ ဘယ်တော့မှ မဖြစ်သင့်ပါဘူးလို့လည်း ပါလီမန်အမတ်တစ်ချို့က ပြောကြားခဲ့ပါတယ။် ပြီးခဲ့တဲ့ သြဂုတ်လက ကုလသမဂ္ဂရုံးစိုက်ရာ ဂျနီဗာမြို့မှာ ကွန်ပျူတာနဲ့ထိန်းချုပ်တဲ့ လက်နက်တွေအကြောင်း ဆွေးနွေးညှိနိုင်းဖို့နိုင်ငံအသီးသီးမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ပါတယ်။

Photo: BBC

 

ပြီးခဲ့တဲ့ နှစ်လယ်ကလည်း ကမ္ဘာ့စက်ရုပ်ကျွမ်းကျင်ပညာရှင် ၁၁၆ ဦးမှ AI နည်းပညာတပ်ဆင်ထားတဲ့ လက်နက်များ ထုတ်လုပ်အသုံးပြုမှု တားမြစ်ပေးဖို့UN ကို စာရေးသား တောင်းဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က