နှစ်ပိုင်းခွဲပြီး လှူဒါန်းမှာပါ

ကမ္ဘာ့အချမ်းသာဆုံး နည်းပညာသူဌေးကြီးကတော့ ဆင်းရဲချို့တဲ့သူများအတွက် ဒေါ်လာ ၂ ဘီလျံ လှူဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

[No available link text] 

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းစတိုးကြီးတစ်ခု ဖြစ်တဲ့ Amazon ရဲ့ CEO ဂျက်ဖ်ဘီဇော့စ်ဟာ အိမ်ခြေယာမဲ့တွေနဲ့ဆင်းရဲတဲ့ ကျောင်းနေအရွယ် ကလေးငယ်များအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပရဟိတနယ်ပယ်ထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဘီဇော့စ်ဟာ အသားတင် ဒေါ်လာ ၁၆၄ ဘီလျံကျော် ကြွယ်ဝပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာ ရောက်နေပေမယ့် အချိန်အထိ အလှူအတန်းကြီးကြီးမားမား လုပ်ခဲ့တာ မဟုတ်ပါဘူး။

ဘီဇော့စ်လောက် မချမ်းသာတော့တဲ့ ဘီလ်ဂိတ်စ်နဲ့ဝါရင်ဘတ်ဖတ်တို့ကတော့ ဒေါ်လာ ဘီလျံဆယ်ဂဏန်းပေါင်းများစွာ ပေးလှူပြီး ပရဟိတနယ်ပယ်မှာ မွေ့လျော်နေကြတာပါ။

Amazon ရှယ်ယာဈေး ထိုးတက်မှုကြောင့် ဒီနှစ်တစ်နှစ်အတွင်း နောက်ထပ် ဒေါ်လာ ၆၄.၇ ဘီလျံ ထပ်ပြီး ရလာတဲ့ ဘီဇော့စ်ကတော့ သူ့ရဲ့ အလှူကို Bezos Day One Fund လို့နာမည်ပေးထားပြီး အိမ်ခြေယာမဲ့ မိသားစုတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့ကြေငြာထားပါတယ်။

ဒီရန်ပုံငွေကို မိသားစုအတွက်နဲ့ပညာရေးအတွက် ရန်ပုံငွေနှစ်ရပ်ခွဲပြီး Day One Families Fund နဲ့Day One Academies Fund အနေနဲ့ပေးလှူသွားမှာပါ။ Bezos Day One Fund ဟာ စားရမဲ့ သောက်ရမဲ့ ဆင်းရဲသား မိသားစုများရဲ့ အရေးပေါ် လိုအပ်ချက်များကို ဖြည့်တင်းပေးဖို့နဲ့ဝင်ငွေနည်းပါးတဲ့ အသိုင်းအဝိုင်းမှ ကလေးငယ်များအတွက် ပညာသင်ဆုနဲ့ပညာရေး ရန်ပုံငွေများ ထည့်ပေးသွားဖို့ဦးတည်ထားတာ ဖြစ်ပါတယ။်

ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ ဘီလ်ဂိတ်စ်ကတော့ ယခုနှစ်ဆန်းက ဆေးဖိုးအကြွေးတင်နေတဲ့ နိုင်ဂျီးရီးယားအစိုးရအတွက် ဒေါ်လာ ၇၆ သန်း အကြွေးဆပ်ပေးခဲ့သလို ပိုလီယိုရောဂါတိုက်ဖျက်ရေးအတွက်လည်း ပြီးခဲ့တဲ့ နှစ်မှာ ဒေါ်လာ ၃ ဘီလျံ လှူဒါန်းခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ဘီလ်ဂိတ်စ်ရဲ့ လှူဒါန်းမှု အစုစုဟာ ဒေါ်လာ ၅၀ ဘီလျံနဲ့အထက်မှာ ရှိနေပါတယ်။

Photo: CNET

 

ခေတ်သစ်သမိုင်းမှာတော့ ဘီဇော့စ်ဟာ သက်ရှိထင်ရှား အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပြီး ၂၀၁၈ ဟာ သူ့အတွက် စိတ်ချမ်းမြေ့စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က