၂၀၁၈ ဒုတိယသုံးလပတ် အချက်အလက်ဖြစ်ပါတယ်

ကုလသမဂ္ဂရဲ့ နောက်ဆုံးခန့်မှန်းချက်များအရ လူဦးရေ ၅၃.၉၅ သန်းကျော် ရှိတဲ့ မြန်မာနိုင်ငံမှာ SIM card သုံးစွဲသူ ၅၃.၂၀ သန်းကျော် ရှိတယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။



42140698_1886466918327686_7957900940026052608_n.jpg

Photo: Duwun Tech

 

စက်တင်ဘာ ၁၈ ရက်မှာကျင်းပတဲ့ Myanmar Connect 2018 မှာ ပြောကြားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှုပေးနေတဲ့ အော်ပရေတာ ၄ ခု ပေါ် သုံးစွဲမှုပေါ် တွက်ချက်ထားတာပါ။ ၂၀၁၈ ဒုတိယသုံးလပတ်မှာ ရရှိထားတဲ့အချက်အလက်တွေ ဖြစ်ပြီး နိုင်ငံအဝှမ်း ဖိုက်ဘာသွယ်တန်းမှုဟာ ကီလိုမီတာ ၆၈၀၀၀ ထိ ရှိလာပြီလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Ooredoo ၊ MPT ၊ Telenor နဲ့MyTel အော်ပရေတာ ၄ ခုမှ ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပြီး လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လွှမ်းခြုံမှုဟာ ၁၀၃.၃၂% ရှိလာပြီလို့ဆိုပါတယ်။ MyTel ကလွဲရင် ကျန်တဲ့ အော်ပရေတာ ၃ စလုံးဟာ ပြည်တွင်းမှာ ၄ နှစ်နဲ့အထက် စောပြီး စတင်ခဲ့တာပါ။

ပြည်တွင်း ဆက်သွယ်ရေးနဲ့အိုင်တီနည်းပညာနယ်ပယ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှပ်နှံထားတဲ့ MyTel ကတော့ ဇွန်လ ၉ ရက်နေ့က 4G ကွန်ရက် တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

Photo: Myanmar Connect 2018

 

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနဟာ လက်ရှိမှာ ဆက်သွယ်ရေး လိုင်စင်ပေါင်း ၁၆၂ ခုကို ချမှတ်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က