ကုန်သွယ်ရေး မူဝါဒအရလို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က Alibaba တည်ထောင်သူ ဂျက်မားဟာ ထရမ့်နဲ့တွေ့ဆုံစဉ်မှာ အမေရိကအတွက် အလုပ်အကိုင် ၁ သန်း ဖော်ဆောင်သွားမယ်လို့ကတိပြုခဲ့ပေမယ့် အခုချိန်မှာ မဖြစ်နိုင်တော့ပါဘူး။



170109132720-jack-ma-trump-780x439.jpg

Photo: CNN Money

 

အမေရိကန်နဲ့တရုတ်အကြား စီးပွားရေးတင်းမာမှုများ ရှိလာချိန်မှာ ဂျက်မားဘက်မှ ရုပ်သိမ်းလိုက်တာပါ။ Xinhua သတင်းအရ သူဟာ အမေရိကန်နဲ့တရုတ်အကြား အကျိုးအကြောင့်သင့် ကုန်သွယ်ဆက်သွယ်ရေးရှိမယ်လို့ယူဆပြီး ကတိပေးခဲ့တာလို့ဆိုပါတယ်။

"ဒီကတိက အမေရိကန်-တရုတ် ချစ်ကြည်စွာ ပူးပေါင်းရေးနဲ့အဓိပ္ပါယ်ရှိတဲ့ ကုန်သွယ်ဆက်ဆံရေးပေါ် အခြေခံတာပါ။ လောလောဆယ်အနေအထားအရ ဒီကတိကို ဖျက်လိုက်တာပါပဲ။ ဒီတော့ ကတိအတိုင်း မလုပ်ပေးနိုင်တာကလွဲပြီး တစ်ခြားနည်း မရှိတော့ပါဘူး။ ကန်-တရုတ် ကုန်သွယ်ရေး အားကောင်းဖို့ကြိုးစားနေမှာကိုတော့ ရပ်တန့်မှာ မဟုတ်ပါဘူး။ " လို့ဂျက်မားက ပြောပါတယ်။

လောလောဆယ်မှာတော့ တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာနေသလို အမေရိကန်ဘက်မှ တရုတ်သွင်းကုန်များပေါ် အခွန် ဒေါ်လာ ဘီလျံ ၂၀၀ အထိ ကောက်မယ်လို့ကြေငြာထားပါတယ်။ ဂျက်မားကတော့ ကုန်သွယ်ရေးဟာ လက်နက်မဟုတ်သလို စစ်ပွဲအတွက် သုံးစရာလည်း မဟုတ်ဘူးလို့ဆိုပြီး ငြိမ်းချမ်းကြဖို့တောင်းဆိုခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အခွန်နဲ့လူဝင်မှု မူဝါဒသစ်များကြောင့် နည်းပညာခေါင်းဆောင်များနဲ့သမ္မတအကြား သဘောထားကွဲလွဲမှုများ ကြုံခဲ့ပါတယ်။

သို့သော်လည်း Amazon ဟာ အမေရိကန်မှာ နှစ်နှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁၀၀၀၀၀ ဖန်တီးသွားဖို့ကတိပြုခဲ့သလို Intel ကုမ္ပဏီမှလည်း အရီဇိုးနားပြည်နယ်ထဲမှာ မိုက်ခရိုချပ်စ်များ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ စုစုပေါင်း ဒေါ်လာ ၇ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့ကြေငြာခဲ့ပါတယ်။

Photo: CBS News

 

၂၀၁၇ ခုနှစ်က Alibaba တည်ထောင်သူ ဂျက်မားဟာ Trump Tower ကို ရောက်ရှိလာခဲ့ပြီး အမေရိကန်မှာ အလုပ်အကိုင်သစ် ၁ သန်း ဖန်တီးပေးမယ်လို့ကတိပြုခဲ့တာပါ။

 

Share

Loading Next Article...
က္က