မေလက စတင် ခဲ့တာပါ

အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေ တိုက်ဖျက်ဖို့ရည်ရွယ်ချက်နဲ့တရုတ်အစိုးရဟာ ထောင်နဲ့ချီတဲ့ ဝက်ဘ်ဆိုက်များ ပိတ်သိမ်းလိုက်ပါတယ်။



11c011da6d9927b7385ea3df5067ff6e1499e303-1537597798-5ba5e166-620x348.jpg

Photo: Times of Malta

 

တရုတ်အစိုးရဟာ အွန်လိုင်းပေါ်က တရားမဝင် လှုပ်ရှားမှုတွေ ဖြစ်တဲ့ အပြာဝက်ဘ်ဆိုက် ၊ လောင်းကစား ၊ ဘာသာရေးသရော် စော်ကားမှုများနဲ့ကောလာဟာလတွေ ဖြန့်နေတဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ခဲ့တာပါ။ မေလက စတင်ခဲ့တဲ့ ဒီကမ်ပိန်းကနေ အာဏာပိုင်တွေဟာ ချိုးဖောက်မှု ၁၂၀ ကို ဖြေရှင်းနိုင်ခဲ့သလို မလျော်မကန် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ၂၃၀ ကိုလည်း ကြပ်မတ်ခဲ့ပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ အန္တရာယ်ရှိနိုင်တဲ့ သတင်းအချက်အလက်ပေါင်း ၁၄၇၀၀၀ ကျော်ကို ဖယ်ရှားနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ Xinhua သတင်းမှာတော့ ဒီကမ်ပိန်းဟာ အွန်လိုင်းပေါ် ပြန့်နေတဲ့ စည်းမျဉ်းချိုးဖောက်တဲ့ အကြောင်းအရာတွေကို ပစ်မှတ်ထား တိုက်ဖျက်တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ တရုတ်အာဏာပိုင်များဟာ ကမ္ဘောဒီးယားမှာ အခြေစိုက်ထားတဲ့ Live-streaming အပြာဆိုက်ကို ဖြိုခွင်းခဲ့တယ်လို့ကြေငြာထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာောတ့ register တင်ပြီး သုံးစွဲနေသူ ၃.၅ သန်းကျော် ရှိနေတာပါ။ အင်တာနက် ဆင်ဆာတင်းကြပ်မှုနဲ့နာမည်ကြီးတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၇ နှစ်ကုန်ပိုင်းက လိုင်စင်မဆောင်ထားတဲ့ VPN များကို ဖြုတ်ချပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ HTTP စနစ်ကနေ ပိုမိုလုံခြုံတဲ့ ဆက်သွယ်မှုစနစ်အဖြစ် သတ်မှတ်ထားတဲ့ HTTPS အဖြစ် ဝက်ဘ်ဆိုက်လိပ်စာ ပြောင်းခဲ့တဲ့ BBC ရဲ့ Web Services များ တရုတ်မှာ အပိတ်ခံခဲ့ရပါတယ်။ HTTPS စနစ်ဟာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP တွေကနေ ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး ဘယ်ဆောင်းပါးတွေ ဖတ်တယ် ၊ ဘယ်ဗွီဒီယိုတွေ ကြည့်သွားတယ်ဆိုတာကို ခြေရာခံဖို့ခက်ခဲတာကြောင့် တရုတ်မှာ အပိတ်ခံခဲ့၇တာလို့ဆိုပါတယ်။

Photo: Channel News Asia

 

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူ့အဖွဲ့အစည်း ရှိတဲ့နိုင်ငံဖြစ်ပြီး ဇွန်လကုန်ပိုင်းက နိုင်ငံအတွင်း အင်တာနက် သုံးစွဲသူ ဦးရေဟာ ၈၀၂ သန်း ထိ ရှိလာခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က