eGovernment Forum 2018 ပွဲမှာ ပြောကြားခဲ့တာပါ

လက်ရှိပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ တယ်လီကွန်းအော်ပရေတာ ၄ ခု ရှိထားပေမယ့် လာမယ့် ၄ နှစ်အတွင်းမှာ အော်ပရေတာ ၃ ခုပဲ ကျန်မယ်လို့သုံးသပ်ချက်တွေ ရှိနေကြပါတယ်။



43129108_274268270084696_4317644804927258624_n.jpg

Photo: Duwun Tech

 

အောက်တိုဘာ ၅ ရက်နေ့က MICT Park မှာ ကျင်းပနေတဲ့ eGovernment Forum 2018 ပွဲမှာ eGovernment ဦးဆောင် အဖွဲ့ဝင် ကော်မတီဝင်ဖြစ်သူ ဦးသောင်းတင်မှ "အော်ပရေတာ ၄ ခု ရှိလာတဲ့အခါမှာ ဒီ industry က ခန့်မှန်းတာက တစ်ချို့၂၀၂၀ လို့ပြောပါတယ်။ တစ်ချို့ကလည်း ၂၀၂၂ မှာ အော်ပရေတာ ၃ ယောက်ပဲ ကျန်ခဲ့မယ်။ MPT ကတော့ သေချာပေါက် ကျန်ခဲ့ဖို့ရှိပါတယ်။ နံပါတ်တစ်အနေနဲ့ ကျန်ခဲ့ဖို့များပါတယ်။ " လို့ဆွေးနွေးဖြေကြားပါတယ်။

MPT ဟာ ၂၀၁၄ ခုနှစ်မှာ ဂျပန် နည်းပညာကော်ပိုရေးရှင်းတစ်ခု ဖြစ်တဲ့ KSGM နဲ့ပေါင်းပြီး မိုဘိုင်းကွန်ရက် အဆင့်မြှင့်တင်ခဲ့ရာကနေ မြန်မာနိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်း အော်ပရေတာ တစ်ခု ဖြစ်လာခဲ့တာပါ။

KSGM နဲ့ပူးပေါင်းဆောင်ရွက်မှု မရှိခင်က သုံးစွဲသူ ၆ သန်းခန့်သာ ရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ ဒီနေ့မှာတော့ သုံးစွဲသူ အနည်းဆုံး ၂၄ သန်းအထိ ရှိလာပြီး လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၄ ဆပိုပြီး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်သွယ်ရေးလောကအတွင်း တယ်လီကွန်းအော်ပရေတာသစ်များ ဝင်ရောက်လာပြီးနောက် ဈေးကွက်ပြိုင်ဆိုင်မှုကို ထိထိရောက်ရောက် ပါဝင်နိုင်ဖို့အတွက် MPT ဟာ ဖွဲ့စည်းမှု အသစ်တွေ ပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။ ထိုစဉ်က MPT ရဲ့ လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာ ၁ ဘီလျံခန့်ရှိပြီး ဒီနေ့ချိန်မှာတော့ အနည်းဆုံး ဒေါ်လာ ၄ ဘီလျံ တန်နေပြီလို့ဆရာဦးသောင်းတင် က ပြောပါတယ်။

Photo: Duwun Tech

 

eGovernment Forum 2018 ပွဲမနက်ပိုင်းမှာ စကားဝိုင်းဆွေးနွေးချက်အနေနဲ့ ဒစ်ဂျစ်တယ်အစိုးရအတွက် အမျိုးသားရေး ဗျူဟာနဲ့မူဘောင်ဆိုင်ရာ နဲ့eGovernment စိန်ခေါ်မှုနဲ့အခွင့်အလမ်းများ ဖော်ဆောင်ခြင်း စကားဝိုင်း ၂ ရပ် ဆွေးနွေးခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ နောက်ထပ် panel session ၂ ခု ထပ်မံပြုလုပ်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က