အိန္ဒိယနိုင်ငံက ဆယ်လ်ဖီကြောင့် သေဆုံးမှု အမြင့်ဆုံးပါ

အန္တရာယ်ကြီးတဲ့ ဆယ်လ်ဖီ ဆွဲမှုများကြောင့် ၂၀၁၁ အောက်တိုဘာကနေ ၂၀၁၇ နိုဝင်ဘာအတွင်း ကမ္ဘာအဝှမ်းမှာ လူပေါင်း ၂၅၉ ဦး သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

645x400-nearly-260-people-have-died-taking-selfies-since-2011-study-says-1538672185523.jpg

Photo: Daily Sabah

 

နယူးဒေလီအခြေစိုက် ဆေးကောလိပ်တစ်ခု ဖြစ်တဲ့ All India ဆေးသိပ္ပံကျောင်းမှ သုတေသီများရဲ့ လုပ်ဆောင်ချက်မှာ ဖော်ပြထားတာပါ။ ဒီတွေ့ရှိချက်ကို ဇူလိုင်-သြဂုတ်ထုတ် မိသားစုနဲ့အများပြည်သူ ကျန်းမာရေးဂျာနယ်စာစောင်မှာ တင်ပြခဲ့ပါတယ်။

အချက်အလက်များအရ ဆယ်လ်ဖီကြောင့် သေဆုံးမှု ဖြစ်ပွားရတဲ့ အထဲမှာ အမျိုးသားဦးရေက ၇၂.၅% နဲ့အမျိုးသမီးက ၂၇.၅% စီရှိထားပါတယ်။ ဆယ်လ်ဖီကြောင့် သေဆုံးရသူများရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ ၂၂.၉၄ နှစ်ဖြစ်ပြီး ထက်ဝက်ပမာဏဟာ အသက် ၂၀ မှ ၂၉ နှစ်များ ဖြစ်ပြီး ၃၆% ဟာ အသက် ၁၀ နှစ်မှ ၁၉နှစ် တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဆဲလ်ဖီဆွဲရင်း သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ ယာဉ်တိုက်မှု ၊ ရေနစ်မှု နဲ့အမြင့်က ပြုတ်ကျတာက အဖြစ်များဆုံးဖြစ်နေပါတယ်။ ဆယ်လ်ဖီကြောင့် သေဆုံးမှုဟာ ၂၀၁၁ ခုနှစ်မှာ ၃ မှု ရှိခဲ့ပြီး ၂၀၁၆ မှာ ၉၈ မှုနဲ့၂၀၁၇ မှာ ၉၃ မှုထိ တဟုန်းထိုး မြင့်တက်လာခဲ့တာပါ။

"ဆယ်ဖီနဲ့ဆက်စပ်ပြီး သေဆုံးတာတွေကို သတ်မှတ်ရာမှာ ကိုယ်တိုင် ဓါတ်ပုံရိုက်နေစဉ် သို့မဟုတ် ဆယ်လ်ဖီနှိပ်နေစဉ် အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေကို ပြောတာပါ" လို့သုတေသနက ဖော်ပြထားပါတယ်။ နိုင်ငံအလိုက် ဆယ်လ်ဖီကြောင့် လူသေဆုံးမှုထဲမှာ အိန္ဒိယဟာ အမြင့်ဆုံးဖြစ်ပြီး သူ့နောက်မှာ ရုရှား ၊ အမေရိကန်နဲ့ပါကစ္စတန်တို့လိုက်ပါနေပါတယ်။

Photo: petapixel

 

ဒီသုတေသနလေ့လာချက်မှာပဲ ပညာရှင်များဟာ ခရီးသွားဧရိယာများမှာ selfie ကင်းမဲ့ဇုံ ထောင်ဖို့အကြံပြုထားပါတယ်။ ဒီလို ဧရိယာတွေဲမှာ ဆည်တမံ နဲ့တောင်ထိပ်လိုမျိုး ၊ မြင့်မားတဲ့ အဆောက်အဦများ စတဲ့ အန္တရာယ်ရှိတဲ့ နေရာမျိုးတွေ ပါဝင်သင့်တယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က