တရုတ်နိုင်ငံမှ မျက်နှာပြင်ဖတ်စနစ်ဟာ ၉၀% အထိ တိကျမှု ရှိပါတယ်။

၁၉၉၉ ခုနှစ်က အဖေသတ်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို မျက်နှာပြင်ဖတ် နည်းပညာအကူအညီနဲ့တရုတ်ရဲတပ်ဖွဲ့ဟာ ဖမ်းဆီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။



Photo: SCMP

 

လောင်နန်ဂူချန်ဇန်ရဲတပ်ဖွဲ့ဟာ သံသယရှိသူရဲ့ မျက်နှာကို ဆော့ဖ်ဝဲလ်နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရာကနေ လွန်ခဲ့တဲ့ ၁၉ နှစ်က အဖေသတ်ပြီး ထွက်ပြေးခဲ့တဲ့ သားဖြစ်သူကို ပြန်တွေ့ခဲ့တာပါ။ အသက် ၄၄ နှစ်အရွယ် တရားခံဖြစ်သူဟာ ရဲတပ်ဖွဲ့လက်ကနေ ၁၉ နှစ်ကြာအောင် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဇာတ်မြှပ်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွင်း သူဟာ နာမည် ၃ ခါပြောင်းပြီး မိန်းမ ၃ ယောက်ကို လက်ထပ်ပေါင်းသင်းခဲ့တယ်လို့ဆိုပါတယ်။ သူ့အဖေကို သတ်မိတာကတော့ မိခင်ကို နှိပ်စက်နေတဲ့ ဖခင်ကို ဟန့်တားရင်း ကျောက်တုံးနဲ့ထုသတ်မိခဲ့တာလို့ချေပခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မျက်နှာများ တိုက်ဆိုင်စစ်ဆေးတဲ့ နည်းပညာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၉၀% တိကျသေချာမှုရှိတယ်လို့နာမည်ကြီးပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက ဟောင်ကောင်-ကန်တုံ ပေါ့ပ်အဆိုတော် ဂျက်ကီချွန်ရဲ့ ရှိုးပွဲမှာ ရန်ဖြစ်ခဲ့တဲ့ လူ ၂၀ ကျော်ကိုလည်း မျက်နှာပြင်ဖတ် နည်းပညာအကူအညီနဲ့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ဓါတ်ပုံပေါင်း သန်း ၁၃၀၀ ကျော် ထည့်သွင်းထားတဲ့ database နဲ့မျက်နှာတွေကို တိုက်စစ်ခဲ့ရာကနေ အခုလို ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်နှစ်သစ်ကူး အကြိုကာလကလည်း တရုတ်ရဲတပ်ဖွဲ့ဟာ LLVision နည်းပညာသုံး မျက်မှန်များကနေ တစ်ဆင့် ID အတု လုပ်သူ ၂၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီမျက်မှန်တွေဟာ လူမျက်နှာပေါင်း ၁ သိန်းကို ဖတ်ရှုမှတ်သားနိုင်ပြီး ၁၀၀ မီလီစက္ကန့်အတွင်း လူကောင်း ၊ လူဆိုး ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

Photo: SCMP

 

ဗြိတိန်ရဲတပ်ဖွဲ့မှလည်း တရားခံဖမ်းဆီးရာမှာ မျက်နှာပြင်ဖတ်နည်းပညာကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ မျက်နှာပြင်ဖတ်နည်းပညာကို မလေးရှားရဲတပ်ဖွဲကလည်း သုံးစွဲနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က