ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပသွားမှာပါ

တစ်နိုင်ငံလုံးက နည်းပညာကျောင်းသားများ ၊ နယ်ပယ်အသီးအသီးက စွန့်ဦးတီထွင်လူငယ်များအတွက် လုပ်ငန်းတည်ထောင်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ပံ့ပိုးပေးမယ့် Myanmar Youth Technopreneurship Development Program 2019 ပွဲ ကျင်းပသွားမယ်လို့ဆိုပါတယ်။



Capture.PNG

Photo: Myanmar Youth Technopreneurship Development Program Facebook

 

နည်းပညာအခြေပြု စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်နိုင်တဲ့အထိ ငွေကြေး ၊ အကြံဉာဏ်နဲ့လိုအပ်တဲ့ လေ့ကျင့်ပေးမှုတွေ ပေးသွားမယ့် ဒီအစီအစဉ်ကို ၂၀၁၈ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်မှာ အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှ ဆန်ကာတင် ၁၀ သင်း ရွေးချယ်ခဲ့ပြီး အကောင်းဆုံး ၃ သင်းရွေးချယ်ဆုပေးခဲ့တာပါ။

၂၀၁၈ ခုနှစ်က ဆုရခဲ့တဲ့ အသင်း ၃ သင်းကို တစ်ဖွဲ့လျှင် ဆုကြေးငွေ ကျပ် သိန်း ၅၀ ၊ ကုမ္ပဏီ မှတ်ပုံတင် နဲ့Kanaung Hub မှာ ၆ လတာ ရုံးခန်းဖွင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျန် ပြိုင်ပွဲဝင် ၇ သင်းကိုလည်း နှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်းစီ  စုစုပေါင်း ၁၈၅ သိန်း ပေးခဲ့တာပါ။

လာမယ့် ၂၀၁၉ နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်အတွက် လျှောက်လွှာတွေကို အောက်တိုဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လက်ခံသွားမှာ ဖြစ်ပြီး တစ်သင်းကို အနည်းဆုံး ၂ ဦးကနေ ၅ ဦးအထိ ပါဝင်နိုင်မယ်လို့ဆိုပါတယ်။ ပြိုင်ပွဲဝင် အသင်းများအကြို ရွေးချယ်မှုကို အောက်မြန်မာပြည်အတွက် ဇန်နဝါရီ ၁၉ နဲ့၂၀ နှစ်ရက် ၊ အထက်မြန်မာပြည်အတွက် ဇန်နဝါရီ ၂၅ နဲ့၂၆ ရက်များမှာ ရန်ကုန်နဲ့မန္တလေးတို့မှာ ၅ သင်းစီ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Photo: Myanmar Youth Technopreneurship Development Program Facebook

 

အသင်းအားလုံးကို MICT Park ထဲရှိ Kanaung Hub မှာ သင်တန်းပေးသွားမှာ ဖြစ်ပြီး ဒီနှစ်မှာတော့ အကောင်းဆုံး ၃ သင်းကို ဆုကြေး သိန်း ၈၀ စီပေးသွားမှာပါ။ ဒီပြိုင်ပွဲကို MPT နဲ့MPCF တို့မှ ပူးပေါင်း အကောင်အထည်ဖော် ကျင်းပနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က