၃ လ စမ်းသပ်ပြေးဆွဲမှာပါ

အလိုအလျောက် မောင်းနှင်နိုင်တဲ့ အငှားကားတွေကို ဒူဘိုင်းမှာ ပထမဆုံး စတင် စမ်းသပ်ပြေးဆွဲမှု လုပ်တော့မှာ ဖြစ်ပါတယ်။

[No available link text] 

GITEX နည်းပညာ ရက်သတ္တပတ် ပြပွဲအတွင်း ဒူဘိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့RTA ဟာ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုကို ပြသခဲ့တာပါ။ ဒီဝန်ဆောင်မှုကို စမ်းသပ်ဆဲအဆင့်အဖြစ် ဒူဘိုင်းမြို့ပေါ်က သတ်မှတ်ထားတဲ့ နေရာတွေမှာ နောက် ၃ လအထိ ပြေးဆွဲကြည့်မှာ ဖြစ်ပါတယ်။

RTA ရဲ့ ထုတ်ပြန်ချက်အရ မောင်းသူမဲ့ယာဉ်နည်းပညာဟာ ဒူဘိုင်းအစိုးရရဲ့ ၂၀၃၀ ပြည့်နှစ်မှာ သယ်ပို့စနစ်အားလုံးရဲ့ ၂၅ % ကို မောင်းသူမဲ့ပြောင်းမယ့် အစီအစဉ်ကို ပံ့ပိုး အကောင်အထည်ဖော်သွားမယ်လို့ဆိုပါတယ်။

RTA ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အေဂျင်စီမှ CEO ဖြစ်သူ အာမက်ဘက်ရိုဇန်းကတော့ မောင်းသူမဲ့ကားတွေဟာ အဆင့်မြင့် ဘေးကင်းလုံခြုံတဲ့ စံနဲ့အညီ တီထွင်ထားတာ ဖြစ်ပြီး ပြေးနေစဉ် မတော်တဆ တိုက်ခိုက်နိုင်ခြေတွေကိုပါ စောင့်ကြည့် သိရှိနိုင်မယ်လို့ပြောပါတယ်။

"အများဆုံး တစ်နာရီ ၃၅ ကီလိုမီတာနှုန်းအထိ မောင်းနီုင်မှာပါ။ သူ့မှာ ဒါရိုက်ဘာအပါအဝင် ၄ ယောက် လိုက်ပါ စီးနင်းနိုင်မှာပါ" လို့ဆိုပါတယ်။ ဒါရိုက်ဘာကို အသင့်အနေအထားနဲ့ထည့်ထားရတဲ့ အကြောင်းကတော့ ကားမှာ နည်းပညာချို့ယွင်းချက်တွေ ဖြစ်လာရင် ခလုတ်တစ်ချက်နှိပ်ပြီး အလိုအလျောက်စနစ်ကနေ ရိုးရိုး လူမောင်း စနစ်ကို ပြောင်းနိုင်အောင်လို့ထားရှိထားတာ ဖြစ်ပါတယ်။

ဒူဘိုင်း သယ်ပို့အာဏာပိုင်အဖွဲ့မှ စမ်းသပ်သွားမယ့် မောင်းသူမဲ့နည်းပညာဟာ အလင်းနှုန်းသိ အဝေးထိန်းစနစ်ဖြစ်တဲ့ LiDAR စနစ် ၊ ကင်မရာ နဲ့အာရုံခံစနစ်များ ပါရှိပြီး Mercedes-Benz ဆီဒင်ကားတွေမှာ အသုံးပြုသွားမှာပါ။ မောင်းသူမဲ့ကားတွေကို အငှားဝန်ဆောင်မှုအဖြစ် စမ်းသပ်ခြင်းဟာ ဒူဘိုင်းကို ကမ္ဘာ့စမတ်နည်းပညာအမြင့်ဆုံး မြို့တော်ဖြစ်အောင် ကြိုးပမ်းတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Photo: The Express Tribune

 

ဒူဘိုင်းဟာ လာမယ့် ၃ နှစ်အတွင်း မိုးပျံတက္ကစီများနဲ့ဝန်ဆောင်မှု ပေးနိုင်မယ့် ပထမဆုံးနိုင်ငံဖြစ်လာဖို့ရှိပြီး Uber ကားကုမ္ပဏီမှလည်း ၂၀၂၀ ခုနှစ် World Expo 2020 မှာ UAE နိုင်ငံ ဒူဘိုင်းမြို့တော်နဲ့တက္ကဆက်ပြည်နယ် ဒဲလ်လပ်စ်မြို့များမှာ မိုးပျံတက္ကဆီယာဉ်များ စမ်းသပ်ပျံသန်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က