ကြွက်ထီးတွေမှာ ထင်ထင်ရှားရှုားတွေ့ရတာပါ

အမေရိကန်အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့အစည်းကနေ ဒေါ်လာ သန်း ၃၀ မြှပ်နှံပြီး ၁၀ နှစ်ကျော်ကြာ လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဖုန်းက ထွက်တဲ့ ရေဒီယိုကြိမ်နှုန်းတွေဟာ နှလုံးမှာ ကင်ဆာအကြိတ်တွေ ဖြစ်စေတာနဲ့ဆက်စပ်နေတယ်လို့ထုတ်ပြန်လိုက်ပါတယ်။



dosimetric-modeling-study-results.jpg

Photo: Environmental Health Trust

 

National Toxicology Program နာမည်နဲ့ကြွက်တွေ သုံးပြီး စမ်းသပ်ခဲ့ရာကနေ မိုဘိုင်းဖုန်းရေဒီယို လှိုင်းထိတွေ့မှု level မြင့်မားခြင်းနဲ့နှလုံးကင်ဆာ ဖြစ်မှုဟာ ထင်ရှားတဲ့ အထောက်အထားတွေ့ရတယ်လို့ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုက ကြွက်အထီးတွေမှာ ဒီရလဒ်က သိသိသာသာ တွေ့ရတာ ဖြစ်ပြီး ကြွက်မတွေမှာတော့ ရှင်းလင်းတဲ့ ရောဂါလက္ခဏာ မပြဘူးလို့NTP မှ ထုတ်ပြန်ပါတယ်။

သုတေသနမှာ စမ်းသပ်ခဲ့တာကတော့ ၁၉၉၀ ပြည့်လွန်နှစ်များက စတင်ပေါ်ပေါက်ခဲ့တဲ့ 2G , 3G ဖုန်းတွေသုံးပြီး ကြွက်တွေမှာ စမ်းသပ်ခဲ့တာပါ။ ဒီလိုစမ်းသပ်ရာမှာ နှလုံးကင်ဆာမျိုးအပြင် ဦးနှောက်နဲ့ကျောက်ကပ်နားမှာ ရှိတဲ့ ကလင်းတွေမှာ အကြိတ်တည်တာမျိုး ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

"ရေဒီယို ကြိမ်နှုန်းနှုန်းနဲ့ကြွက်အထီးတွေမှာ အကြိတ်ဖြစ်စေတဲ့အကြားက ဆက်သွယ်ချက်က အမှန်ပဲလို့ကျွန်တော်တို့ယုံကြည်ထားပါတယ်။ ဒါကို အပြင်က ကျွမ်းကျင်ပညာရှင်တွေလည်း သဘောတူထားပါတယ်။ " လို့NTP ရဲ့ အကြီးတန်း သိပ္ပံပညာရှင် ဂျွန်ဘက်ချာက ထုတ်ပြန်ချက်မှာ တင်ပြထားပါတယ်။

ယခုတွေ့ရှိချက်ဟာ လူသားတွေအပေါ် ဘယ်လောက် အတိုင်းအတာအထိ သက်ရောက်မှု ရှိမလဲဆိုတာကိုတော့ မှတ်ချက်ချမထားပါဘူး။ ဘက်ချာကလည်း "သုတေသနမှာ သုံးတဲ့ ဓါတ်ရောင်ခြည်ထိတွေ့မှုအတိုင်းအတာက လူတွေ ဆဲလ်ဖုန်းသုံးတဲ့အခါ တွေ့ရတဲ့ ဓါတ်ရောင်ခြည် ထိတွေ့မှု ပမာဏနဲ့တိုက်ရိုက် နှိုင်းယှဉ်လို့မရပါဘူး" လို့ပြောပါတယ် ။

ကြွက်တွေမှာ စမ်းသပ်စဉ်က ပညာရှင်တွေဟာ ကြွက်တွေရဲ့ ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ရေဒီယိုကြိမ်နှုန်းတွေ လွှတ်ခဲ့တာ ဖြစ်ပြီး လူတွေမှာ သုံးတဲ့ ဆဲလ်ဖုန်းက နားနဲ့လက်တစ်ဝိုက်ပဲ သက်ရောက်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း ကြွက်တွေကို တစ်နေ့မှာ ၉ နာရီနှုန်းနဲ့ရေဒီယိုရောင်ခြည် level အမြင့်တွေနဲ့၅ ပတ်ကနေ ၆ ပတ်အထိ စေလွှတ်ခဲ့တာပါ။

Photo: The Truth About Cancer

 

ပြောရရင် သုတေသနမှာ သုံးတဲ့ ရောင်ခြည် အနိမ့်ဆုံး level ဟာ ဆဲလ်ဖုန်းတစ်လုံးမှာ ခွင့်ပြုထားတဲ့ အမြင့်ဆုံး ပမာဏပဲ ရှိပါတယ်။ မကြာသေးမီက Swiss အပူပိုင်းပြည်သူ့ကျန်းမာရေးအင်စတီကျူ Swiss TPH မှ သိပ္ပံပညာရှင်များမှ စမတ်ဖုန်းကြောင့် ကလေးများ မှတ်ဉာဏ် ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က