သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး

Facebook ရဲ့ တည်ထောင်သူနဲ့CEO မတ်ခ်ဇူကာဘတ်ခ်အတွက် ၂၀၁၈ ဟာ အတက်အကျများခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

775x-1.png

Photo: Bloomberg

 

၂၀၁၈ နှစ်လယ်ပိုင်းက ဝါရင်းဘတ်ဖတ်ကို ကျော်ပြီး ကမ္ဘာ့တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ သူဟာ ဒီနေ့အချိန်မှာတော့ ဒေါ်လာ ၁၇.၄ ဘီလျံ ဆုံးရှုံးသွားပြီး ၆ ယောက်မြောက် အချမ်းသာဆုံး နေရာကို ဆင်းပေးလိုက်ရတယ်လို့ဆိုပါတယ်။ Bloomberg ဘီလျံနာအညွှန်းကိန်းမှာ ဇူကာဘတ်ခ်ဟာ အသားတင် ဒေါ်လာ ၅၅.၃ ဘီလျံချမ်းသာတယ်လို့ဖော်ပြထားပါတယ်။

Facebook ကုမ္ပဏီဟာ လောလောဆယ် ရှယ်ယာတန်ဖိုး ၃% ကျဆင်းနေပြီး ၂၀၁၇ ဧပြီလအလွန် အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့တာပါ။ လူမှုကွန်ရက်သုံးသူများရဲ့ အချက်အလက်များ ပေါက်ကြားမှု ၊ အမေရိကန်ရွေးကောက်ပွဲကာလအတွင်း ရုရှားရဲ့ ကြားဖြတ်နှောင့်ယှက်မှု များအတွက် အကျဘက်ကို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

Bloomberg ဘီလျံနာအညွှန်းကိန်းအရ ကမ္ဘာ့ထိပ်တန်းအချမ်းသာဆုံး နည်းပညာဘီလျံနာတွေထဲမှာလည်း သူတို့ရဲ့ ဓနဥစ္စာဆုံးရှုံးခဲ့သူတွေ ရှိနေပါတယ်။ Alibaba တည်ထောင်သူ ဂျက်မားဆိုရင်လည်း တရုတ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပေမယ့် ဒီနှစ်ထဲမှာ ဒေါ်လာ ၆.၆၇ ဘီလျံ ဆုံးရှုံးခဲ့ပြီး အသားတင် ဒေါ်လာ ၃၈.၈ ဘီလျံနဲ့ကမ္ဘာပေါ်မှာ ၁၉ ယောက်မြောက် အချမ်းသာဆုံးနေရာမှာ ရှိနေပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဇူကာဘတ်ခ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ဒေါ်လာ ၈၆ ဘီလျံကျော်အထိ ချမ်းသာခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ ဒေါ်လာ ၅.၇ ဘီလျံပိုင်ဆိုင်တဲ့ Oracle Corp မှ သူဌေးလယ်ရီအယ်လီဆင်ရဲ့ အထက် ဆဌမနေရာမှာ ရပ်တည်နေပါတယ်။ Facebook ရဲ့ ရှယ်ယာတန်ဖိုးဟာ လက်ရှိမှာ တစ်စုကို ၁၃၉.၅၃ ဒေါ်လာအထိ ကျဆင်းနေပါတယ်။

Photo: AP News

 

မတ်ခ်ဇူကာဘတ်ခ်ရဲ့ ဝင်ငွေ ၉၇% ခန့်ဟာ Facebook ရှယ်ယာကနေ ရတာ ဖြစ်လို့ရှယ်ယာဈေးကျဆင်းလာခြင်းကြောင့် ဇူကာဘတ်ခ်ပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကပဲ ယူကေနဲ့ကနေဒါပါလီမန်အမတ်များဟာ မတ်ခ်ဇူကာဘတ်ကို ကိုယ်ရေး အချက်အလက်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းဖို့ဆင့်ခေါ်ထားပါတယ်။

Share

Loading Next Article...
က္က