ကျွမ်းကျင်ပညာရှင် ၂ သိန်း လည်း ခေါ်သွားမှာပါ

၂၀၂၅ ခုနှစ်မှာ အင်တာနက်စီးပွားရေးဟာ အရှေ့တောင်အာရှမှာ အချိန်ပြည့်အလုပ်အကိုင် ၁.၇ သန်းအထိ ဖန်တီးပေးနိုင်မယ်လို့ဆိုပါတယ်။

AK_lazwebsite_1911.jpg

Photo: Business Times

 

Google နဲ့Temasek Holding ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတို့ရဲ့ အစီရင်ခံစာအရ ၂၀၂၅ မှာ အရှေ့တောင်အာရှရဲ့ အင်တာနက် စီးပွားရေးတန်ဖိုးဟာ ဒေါ်လာ ၂၄၀ ဘီလျံကို ကျော်ဖို့လည်း ရှိတယ်လို့ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၂၀၂၅ ခုနှစ်မှာ အရှေ့တောင်အာရှဒေသရဲ့ အင်တာနက် စီးပွားရေးဟာ ဒေါ်လာ ဘီလျံ ၂၀၀ အထိ တက်လာမယ်လို့ခန့်မှန်းခဲ့တာပါ။

ဒီလေ့လာမှုဟာ အရှေ့တောင်အာရှမှ စကာၤပူ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် ၊ ထိုင်းနဲ့ဖိလစ်ပိုင် စတဲ့ ၆ နိုင်ငံကို ဦးတည် လေ့လာခဲ့တာပါ။ အင်တာနက် စီးပွားရေးမှာ e-Commerce လုပ်ငန်းများ ၊ အွန်လိုင်း မီဒီယာ ၊ အွန်လိုင်းခရီးသွားလုပ်ငန်း ၊ မိုဘိုင်း app အငှားယာဉ်လုပ်ငန်းများလို ကဏ္ဍများတိုးတက်ထွန်းကားလာခြင်းကလည်း အဓိက ကျနေပါတယ်။

အစီရင်ခံစာအရ ယခု ၆ နိုင်ငံရဲ့ အင်တာနက်စီးပွားရေးမှာ အွန်လိုင်းကနေ အစားအသောက်မှာယူတာမျိုး ၊ သီချင်းတွေနဲ့ရုပ်ရှင်တွေ ကြည့်ရှု နားဆင်ဖို့subscription လုပ်တာမျိုးလို စီးပွားရေး လုပ်ငန်းသစ်တွေပါ ပါဝင်လာမယ်လို့ဆိုပါတယ်။

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှ အင်တာနက်ထိုးဖောက်မှု အကြီးဆုံးနဲ့အမြန်ဆုံးနိုင်ငံ ဖြစ်ပြီး ၂၀၂၅ မှာ အင်တာနက် စီးပွားရေးဟာ ဒေါ်လာ ဘီလျံ ၁၀၀ အထိ ရှိလာမယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"ပုံမှန်က ၆ လတိုင်းမှာ ကျွန်တော်တို့ဟာ အင်တာနက် အသုံးပြုသူအသစ် ၃ သန်းခန့်ထပ်ရပါတယ်။ သူတို့အကုန်လိုလိုက မိုဘိုင်းလ်ထုတ်ကုန်တစ်မျိုးမျိုးကနေပဲ အင်တာနက်သုံးကြတာ ဖြစ်ပါတယ်။" လို့Google ရဲ့ အိန္ဒိယနဲ့အရှေ့တောင်အာရှ ဒုဥက္ကဌ ရာဂျန် အနန်ဒန်က ဆိုပါတယ်။

မိုဘိုင်းအင်တာနက်အတွက် ဒေတာ gigabyte ဈေးဟာ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ထက်ဝက်နီးပါး ကျဆင်းလာခြင်းကလည်း အင်တာနက် သုံးစွဲမှုတက်လာတဲ့ အဓိကအချက်လို့အနန်ဒန်က ပြောပါတယ်။

Photo: Channel News Asia

 

ယခုနှစ်အတွင်း အင်တာနက် စီးပွားရေးဟာ နှစ်ဆန်းပိုင်းကထက် ၃၇% ပိုမြင့်လာပြီး ဒေါ်လာ ၇၂ ဘီလျံအထိ ရောက်လာမယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် အလုပ်အကိုင်သစ် ၁.၇ သန်းထဲမှ ၂ သိန်းခန့်ဟာ အဆင့်မြင့် ကျွမ်းကျင်အလုပ်အကိုင်များ ဖြစ်ပြီး နှစ်စဉ် ကျွမ်းကျင်အလုပ်အကိုင်ခေါ်ယူမှုဟာ ၁၀%စီ တက်လာဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က