အနည်းဆုံး ဟက်ကာ ၁၀ ဦး ပါဝင်မယ်လိုု့ယူဆထားပါတယ်။

တယ်လီကွန်းကုမ္ပဏီ TalkTalk ကို ပေါင် ၇၇ သန်း ဆုံးရှုံးစေခဲ့တဲ့ ဟက်ကာနှစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

talk-talk-hackers.jpg

Photo: BBC

 

၂၀၁၅ က ဖြစ်ပွားခဲ့တဲ့ သူတို့ရဲ့ တိုကိခိုက်မှုကြောင့် TalkTalk အကောင့်ပေါင်း ၁.၆ သန်းပေါ် သက်ရောက်မှု ရှိခဲ့ပြီး ကုမ္ပဏီအနေနဲ့ပေါင် ၇၇ သန်း အရှုံးပြစေခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ မက်သရူး ဟန်လေ နဲ့ကော်နာအဲလ်ဆော့ပ်တို့ဟာ အဆင့်မြင့်ပြီး စနစ်ကျတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ဉာဏ်ကြီးရှင်တွေ ဖြစ်တယ်လို့တရားသူကြီး ဖြစ်သူ အန်နူဂျာ ဒိုင်ယာက ဆိုပါတယ်။

"မင်းတို့နှစ်ယောက်ဟာ TalkTalk မှာ သုံးတဲ့ ကွန်ပျူတာစနစ်ထဲကို အဆင့်မြင့်တဲ့ ထိုးဖောက်ဝင်ရောက်မှု လုပ်ရာမှာ ပါဝင်ခဲ့တယ်။ ဥပဒေအရ မင်းတို့အနေနဲ့သူတို့စနစ်တွေထဲမှာ ဖျက်ဆီးရေးမလုပ်ခဲ့ပေမယ့် ဒီထဲမှာတော့ မင်းတို့လည်း ပါဝင်ခဲ့တာပဲ။ ဒီတိုက်ခိုက်မှုကနေTalkTalk ဖောက်သည်တွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို တစ်ခြားသူတွေ ယူခွင့်ပေးလိုက်တာပါ။" လို့ဆိုပါတယ်။

ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ BAE Systems မှ ပညာရှင်များကတော့ ဒီတိုက်ခိုက်မှုမှာ ဟက်ကာ ၁၀ ဦးနဲ့အထက် ပါဝင်လိမ့်မယ်လို့ယူဆထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ TalkTalk ဖောက်သည်ပေါင်း ၁၅၆၉၅၉ ယောက်ရဲ့ အီးမေးလ်လိပ်စာ ၊ နာမည် ၊ ဖုန်းနံပါတ် နဲ့အတူ ဘဏ်အကောင့်နံပါတ် ၂၁၀၀၀ နဲ့sort code တွေ ပါသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ နဲ့၂၂ ရက်အကြား ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဟန်လေဟာ တစ်ခြားသူကို hacking လုပ်ဖို့အချက်အလက်တွေ ပေးခဲ့ပြီး အဲလ်ဆော့ပ်ကိုတော့ ဖောက်သည်တွေနဲ့ငွေကြေး အချက်အလက်တွေ ပေးခဲ့တယ်လို့ဝန်ခံထားပါတယ်။ သူတို့ကို မဖမ်းမိခင်ကလေးမှာ ကွန်ပျူတာထဲမှာ ရှိထားတဲ့ အထောက်အထားတွေနဲ့အကြောင်းအရာတွေအားလုံးကို ဖျက်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: the Guardian

 

ဒီအမှုမှာ အဓိကကျတဲ့ ဟန်လေကို ၁၂ လ ထောင်ချခဲ့ပြီး အဲလ်ဆော့ပ်ကို ထောင်ဒဏ် ၈ လချမှတ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က