Samsung ဖုန်းစက်ရုံတွေ အများဆုံး ရှိတဲ့ နိုင်ငံတစ်ခုပါ

ဗီယက်နမ်နိုင်ငံရဲ့ အချမ်းသာဆုံးဘီလျံနာတစ်ဦးကနေ ဗီယက်နမ်ရဲ့ ပထမဆုံး စမတ်ဖုန်းကို လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဖြန့်ချိတော့မှာပါ။



Photo: genk

 

Vingroup ကနေ ထုတ်လုပ်သွားမယ့် စမတ်ဖုန်းသစ်ဟာ မော်ဒယ် ၄ မျိုးနဲ့မိတ်ဆက်သွားမှာ ဖြစ်ပြီး brand နာမည်ကတော့ Vsmart လို့ပေးထားပါတယ်။ Vsmart ဖုန်းတွေကို ဗီယက်နမ်မြောက်ပိုင်း Haiphone မြို့မှာရှိတဲ့ စက်ရုံကနေ ထုတ်လုပ်သွားမှာ ဖြစ်ပြီး ပထမအဆင့်အနေနဲ့တစ်နှစ်ကို အလုံးရေ ၅ သန်း ထုတ်လုပ်သွားဖို့စီစဉ်နေတယ်လို့Vingroup ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့အနေနဲ့VinFast ကားတွေနဲ့အတူ Vsmart အမှတ်တံဆိပ်ဖုန်းတွေကနေ ဗီယက်နမ်ရဲ့ စက်မှုလုပ်ငန်းတိုးတက်မှုကို ပံ့ပိုးပေးပြီး ဗီယက်နမ် အမှတ်တံဆိပ်တွေကို ကမ္ဘာကြီးဆီ ယူဆောင်လာမှာပါ" လို့Vingroup ရဲ့ CEO ငုယင်ဗီယက်ကွမ်က ဆိုပါတယ်။

Vingroup ဟဟာ Vsmart ဖုန်းတွေမှာ သုံးမယ့် နည်းပညာပိုင်းအတွက် Qualcomm နဲ့Google တို့နဲ့လက်တွဲ လုပ်ဆောင်နေပြီး အဆင့်မြင့်ဆုံး စမတ်ဖုန်း နည်းပညာကဏ္ဍကို အဆင့်မြှင့်တင်သွားမယ်လို့ဆိုပါတယ်။

Photo: genk



ဗီယက်နမ်ဟာ Samsung Electronics ရဲ့ အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ရေးများ တည်ရှိတဲ့ အခြေစိုက်နိုင်ငံဆိုလည်း မမှားပါဘူး။ ၂၀၁၈ နှစ်ဆန်းပိုင်းက Samsung အနေနဲ့Bac Ninh ပြည်နယ်နဲ့အခြား နေရာများမှာ စမတ်မြို့တော်များ တည်ဆောက်ဖို့လာမယ့် ဇူလိုင်လထဲမှာ ဗီယက်နမ်ဝန်ထမ်း ၆၀၀၀၀ အလုပ်ခေါ်သွားမယ်လို့ဗီယက်နမ်အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ဗီယက်နမ်မှာ Samsung ဟာ စက်ရုံ ၈ ခု ၊ သုတေသနနဲ့ဖွံ့ဖြိုးမှုစင်တာတစ်ခု တည်ဆောက်ထားပြီး အမေရိကန်ဒေါ်လာ ၁၇.၃ ဘီလျံအထိ ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံမှ Samsung Electronics စက်ရုံတွေကနေ ပြည်ပ တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၄ ဘီလျံဖိုးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Vsmart ဖုန်းသစ်မော်ဒယ် ၄ မျိုးထဲက နှစ်မျိုုးဟာ Vsmart Active 1 နဲ့Vsmart Joy 1 လို့နာမည်ပေးထားပြီး ကိုယ်ပိုင် interface ဖြစ်တဲ့ VOS စနစ်နဲ့လာမှာပါ။ Vingroup ပိုင် Vsmart စက်ရုံတွေဟာ စမတ်ဖုနု်းတွေအပြင် စမတ်တီဗွီနဲ့တစ်ခြား စမတ်ထုတ်ကုန်တွေကိုလည်း အနာဂါတ်မှာ ထုတ်လုပ်သွားဖို့စီစဉ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က