ဒီတစ်ပတ် အင်္ဂါနေ့ကမှ ရခဲ့တာပါ

ကမ္ဘာ့နိုင်ငံကြီးတွေ 5G ကွန်ရက်သစ်ကို သွားနေချိန်မှာ ဒီနိုင်ငံကတော့ အခုမှ 3G မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေ သုံးနိုင်တာပါ။ ပြောရရင် ကမ္ဘာပေါ်မှာ 3G ကို နောက်ဆုံးမှ ရတဲ့ နိုင်ငံလက်တစ်ဆုပ်စာထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

 

Photo: Sputnik International

လူဦးရေ ၁၁ သန်းကျော် ရှိတဲ့ ကျူးဘားနိုင်ငံမှာ 3G အင်တာနက်ကို ဒီတစ်ပတ် အင်္ဂါနေ့ကမှ စပြီး ရခဲ့တာပါ။ ကျူးဘားရဲ့ တယ်လီကွန်းကုမ္ပဏီ Etecsa ကနေ စမတ်ဖုန်းသုံးစွဲသူတွေအတွက် 3G ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ ကျူးဘားမှာ Etecsa ဟာ ဒေတာဈေးနှုန်းအနေနဲ့600 Mb ကို ကျူးဘား ၇ ပီဆို ကနေ 4GB ကို ပီဆို ၃၀ ဈေးနဲ့ဝန်ဆောင်မှု ပေးသွားမှာပါ။

ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားဟာ နှစ်ပေါင်းများစွာ ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်လာခဲ့တာ ဖြစ်ပြီး 3G ဝန်ဆောင်မှုကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသားတွေကို ပေးလာတာ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်လ လစာဟာ ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိတာကြောင့် ဒေတာဈေးနှုန်းဟာ နိုင်ငံသားတွေရဲ့ ဝန်ငွေနဲ့မမျှအောင် ကြီးတယ်လို့ဆိုရမှာပါ။

"ဈေးက နည်းနည်း ကြီးနေပါတယ်။ ဒါပေမယ့်လည်း လူတွေ sign up စာရင်းသွင်းမှု များလာတာနဲ့အမျှ ဈေးနှုန်းကျသွားမှာပါ" လို့ဆိုပါတယ်။ လူဦးရေ ၁၁.၂ သန်းကျော် ရှိထားတဲ့ ကျူးဘားမှာ ဖုန်းသုံးသူဦးရေဟာ ၅.၃ သန်းပဲ ရှိတယ်လို့အစိုးရ စာရင်းအင်းတွေမှာ ဖော်ပြထားပါတယ်။ ကျူးဘားနိုင်ငံသားတွေဟာ အင်တာနက် သုံးဖို့အတွက် အများပိုင်အဆောက်အဦနဲ့ရင်ပြင်လို နေရာတွေက WiFi တွေကို အားကိုးနေကြပါတယ်။

ကျူးဘားမှာ ပြီးခဲ့တဲ့ ငါးနှစ်ကအထိ အင်တာနက်ကို နိုင်ငံခြားသားတွေ တည်းတဲ့ ဟိုတယ်နဲ့နိုင်ငံတော်အဆင့် ကလပ်တွေမှာပဲ ပေးထားတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အာဏာပိုင်တွေဟာ အင်တာနက်ကဖေးတွေ ဖွင့်ခွင့်ပြုပေမယ့် မိုဘိုင်းလ်အင်တာနက်တွေဆီကိုတော့ ရောက်မလာခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်ကစပြီး ယဉ်ကျေးမှုစင်တာတစ်ခုမှာ WiFi hotspot ကို ပထမဆုံး ဖြန့်ချိခဲ့ရာကနေ နောက်ပိုင်းမှာ ရာနဲ့ချီတဲ့ အများပိုင်နေရာတွေဆီ WiFi လွှင့်ပေးလာခဲ့တာပါ။

Photo: channelnewsasia

 

လက်ရှိမှာ ကျူးဘားဟာ WiFi ဇုန်ပေါင်း ၁၂၀၀ ၊ အင်တာနက် ကဖေး ၆၇၀ ခန့်ရှိထားပါတယ်။ 3G ဝန်ဆောင်မှုကို ပေးသွားမယ့် တယ်လီကွန်းကုမ္ပဏီ Etecsa ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ အိမ်သုံးအင်တာနက်စနစ်ကို အကန့်အသတ်နဲ့စတင် ပေးအပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က