ဒီလထဲမှာပဲ ကျူးဘားမှာ 3G ရခဲ့ပါတယ်

၂၀၁၈ နှစ်ကုန်ပိုင်းမှာ အင်တာနက် အသုံးပြုနိုင်သူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၁.၂% ရှိလာမယ့်လို့ဆိုပါတယ်။

Photo: Moneycontrol

 

ကုလသမဂ္ဂ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာများဌာန ITU ရဲ့ အဆိုအရ လက်ရှိ အင်တာနက်သုံးစွဲသူ ဦးရေဟာ သန်းပေါင်း ၃၉၀၀ ခန့်ရှိလာပြီလို့ဆိုပါတယ်။ ၂၀၁၈ အကုန်ပိုင်းမှာတော့ အင်တာနက် အသုံးပြုဖို့ရည်မှန်းပန်းတိုင်ရဲ့ ခရီးတစ်ဝက်ကို ကျော်နိုင်မယ်လို့ITU အကြီးအကဲ ဟောင်လင်း ဇောင်က ပြောပါတယ်။

"'ဒါဟာ တစ်ကမ္ဘာလုံးက သတင်းအချက်အလက် အသိုင်းဝိုင်းအတွက်အရေးပါတဲ့ ခြေတစ်လှမ်းကို ကိုယ်စားပြုပါတယ်"လို့ဆိုပါတယ်။ "ကမ္ဘာပေါ်က တစ်ခြားလူတွေဟာလည်း ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ အကျိုးကျေးဇူးကို ရိတ်သိမ်းဖို့စောင့်ဆိုင်းနေကြပါတယ်။ "

ITU ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေမှ အင်တာနက် အသုံးပြုမှုဟာ နှေးကွေးသွားပြီး ပုံမှန်ဖွံ့ဖြိုးမှုမှာ ရှိနေတဒ့ဆိုပါတယ်။ အာဖရိကဟာ အင်တာနက် တိုးတက်မှု အမြန်ဆုံးဒေသဖြစ်ခဲ့ပြီး ၁၃ နှစ်အတွင်း ၁၀ ဆမြင့်တက်လာခဲ့တာပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ အင်တာနက် သုံးစွဲမှုနှုန်းထားဟာ ၇.၇% ကနေ ၄၅.၃% ကို တက်လာခဲ့တယ်လို့အချက်အလက်များက ဖော်ပြထားပါတယ်။

ထူးခြားချက်က မိုဘိုင်းဆယ်လူလာဖုန်း subscription အရေအတွက်ဟာ ကမ္ဘာ့လူဦးရေထက်ကို ပိုများနေတာပါ။ ဒီအစီရင်ခံစာမှာပဲ mobile broadband စာရင်းသွင်းမှုဟာ ၂၀၁၇ ကနေ ဒီနေ့အချိန်မှာ လူ ၁၀၀ မှာ ၄ ဦးနှုန်းအထိ ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ mobile broadband စာရင်းသွင်းပမာဏဟာ လက်ရှိမှာ သန်း ၅၃၀၀ ရှိနေတယ်လို့ITU က ဖော်ပြထားပါတယ။်

ကမ္ဘာ့လူဦးရေရဲ့ ၉၆% ဟာ အင်တာနက်ကွန်ရက်လက်လှမ်းမှီတဲ့ နေရာတွေမှာ နေထိုင်နေကြပြီး လူဦးရေရဲ့ ၉၀% ခန့်ဟာ 3G နဲ့ပိုပြီး မြန်နှုန်းမြင့်တဲ့ ကွန်ယက်တွေကနေ တစ်ဆင့် အင်တာနက် သုံးနိုင်ကြပြီဖြစ်ပါတယ်။ ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားဟာ ဒီလထဲမှာပဲ 3G မိုဘိုင်းအင်တာနက်ကို ဖြန့်ချိခဲ့ပါတယ်။

Share

Loading Next Article...
က္က