AD
AD
AD

အင်္ဂလန်အခြေစိုက် Capacity Media မှ ထုတ်ပြန်လိုက်တဲ့ တယ်လီကွန်းလောကမှ စောင့်ကြည့်ရမယ့် အမျိုးသမီး ၂၀ စာရင်းမှာ မြန်မာနိုင်ငံမှ Telenor Myanmar ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေးလည်း ပါဝင်ခဲ့ပါတယ်။

play

 

မတ်လ ၈ ရက်နေ့ မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်အမှတ်အဖြစ် Capacity Media ဟာ 20 women to watch in telecoms အမည်နဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ကဏ္ဍများမှာ ဦးဆောင်ပါဝင်နေကြတဲ့ အမျိုးသမီးပေါင်း ၂၀ ကို ရွေးချယ်ခဲ့တာပါ။ ဒီစာရင်းမှာ ဖော်ပြခံရတဲ့ မြန်မာနိုင်ငံသူ ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေးဟာ စကာင်္ပူနိုင်ငံ ပိုလီတက္ကနစ်ကျောင်းမှာ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးပိုင်းကို လေ့လာခဲ့သလို Singapore Institute of Management မှာလည်း စာရင်းကိုင်ဘာသာရပ်ကို တက်ရောက်လေ့လာခဲ့သူ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာကနေ စတင်ပြီး Telenor Myanmar ကုမ္ပဏီမှာ စာရင်းကိုင်နဲ့ အခွန်အကြီးအကဲအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ သြဂုတ်လ ၁ ရက်နေ့ ကစပြီး Telenor Myanmar ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။ ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေးဟာ ၂၀၁၇ ခုနှစ် ဇွန်လထဲမှာ ASEAN Chartered Professional Accountant (ASEAN CPA) အသိအမှတ်ပြု လက်မှတ်ကိုရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ASEAN CPA လက်မှတ်ရ အမျိုးသမီးလည်း ဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD