နောက်နှစ်ထဲမှာ 5G ဖုန်းထုတ်သွားဖို့ရှိပါတယ်။

Amazon နဲ့Alphabet ပြီးရင် R&D ပိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှု လုပ်ထားတဲ့ Huawei ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G စမ်းသပ်မှု လုပ်ဆောင်ထားတဲ့ ကုမ္ပဏီများထဲက တစ်ခုလည်း ဖြစ်ပါတယ်။

index-news-cv.jpg

Photo: Huawei

 

5G နည်းပညာပိုင်း ဆိုင်ရာ စံနှုန်းနဲ့အခြေခံသုတေသနပိုင်း ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်များနဲ့အင်ဂျင်နီယာပေါင်း ၁၀၀ ကျော်ကို ဇူလိုင်လ ၃၀ ရက်နေ့က ရှန်းကျင့်မှာရှိတဲ့ Huawei အပြည်ပြည်ဆိုင်ရာ ရုံးချုပ်မှာ ဂုဏ်ပြုအခမ်းအနား ကျင်းပသွားခဲ့ပါတယ်။ ဒီပွဲမှာ Huawei ဟာ 5G အတွက် ၂၀၀၈ ခုနှစ်က error ပြင်တဲ့ ကုဒ်ရေးသားနည်းစနစ်ဖြစ်တဲ့ Polar Code သီအိုရီ ဖန်တီးရှင် တူရကီပါမောက္ခ ဒေါက်တာ အာဒဲ အရီကန်အတွက် အထူးဆုတစ်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဒီပွဲမှာ Huawei ရဲ့ ဥက္ကဌတစ်ဦး ဖြစ်သူ အဲရစ်ရှုမှ “5G စံနှုန်းများဟာ အခြေခံသုတေသနနဲ့ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတို့အတွက် ကမ္ဘာတစ်ဝှန်းလုံးမှ စုပေါင်းအားထုတ်မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ 5G အတွက် ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ပါမောက္ခ Arikan နဲ့အတူ အကယ်ဒမီမှ လုပ်ဖော်ကိုင်ဖက်များ၊ သိပ္ပံပညာရှင်များနဲ့ Huawei ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိလိုပါတယ်”  လို့ပြောကြားသွားခဲ့ပါတယ်။

Huawei ဟာ ယခုနှစ်အတွင်း R&D ပိုင်းအတွက် ဒေါ်လာ ၁၅ ဘီလျံကနေ ၂၀ ဘီလျံအထိ သုံးစွဲသွားမှာ ဖြစ်ပြီး ဒီထဲက ၂၀% မှ ၃၀% အထိဟာ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနများအတွက် သုံးစွဲသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ Huawei အပါအဝင် ကမ္ဘာတစ်လွှား နည်းပညာကုမ္ပဏီများမှ သိပ္ပံနဲ့သုတေသနပညာရှင်များဟာ 5G နည်းပညာအတွက် ၁၀ နှစ်ကျော် ကြိုးပမ်းဖော်ထုထ်ခဲ့တာပါ။

Huawei ဟာ 5G ကွန်ရက် နည်းပညာမှာ မရှိမဖြစ် လိုအပ်တဲ့ မူပိုင်ခွင့်ထဲက ၁၀% ပိုင်ဆိုင်ထားပြီး လာမယ့် ၂၀၂၀ မှာ ဒီထက်ပိုပြီး နည်းပညာအသစ်များ ဖော်ဆောင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ၂၀၁၉ နှစ်လယ်မှာ Huawei ဟာ 5G mobile hotspot နဲ့စမတ်ဖုန်းအတွက် baseband chips တွေကို ကုမ္ပဏီအတွင်းမှာပဲ ထုတ်လုပ်သွားတော့မှာ ဖြစ်ပါတယ်။ 

Photo: Cashify

 

ဇွန်လကုန်ပိုင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပသွားတဲ့ MWC ပွဲမှာ Huawei ဟာ ၂၀၁၉  နှစ်ကုုန်ပိုင်းမှာ 5G ဖုန်းများ ထုတ်သွားဖို့ရှိတယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က