ဒီဇင်ဘာ ၁ရက်နေ့က စတင်ဖြန့်ချိခဲ့တာပါ

ကမ္ဘာ့ပထမဆုံး 5G ဝန်ဆောင်မှုတွေကို တောင်ကိုရီးယားက မြို့ကြီး ၁၃ မြို့မှာ အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။



 

တောင်ကိုရီးယား တယ်လီကွန်းလုပ်ငန်းစု ၃ ခုဖြစ်တဲ့ SK Telecom ၊ LG Uplus နဲ့KT တို့ပေါင်းပြီး ကမ္ဘာ့ပထမဆုံး 5G ဝန်ဆောင်မှုတွေကို ဒီဇင်ဘာ ၁ ရက်နေ့ညသန်းခေါင်က ကြေငြာခဲ့တာပါ။ ပထမဆုံး 5G ဝန်ဆောင်မှုကို Samsungဖုန်းတစ်လုံးကနေ video call ခေါ်ပြီး ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

SK Telecom ရဲ့ CEO ပါ့ခ်ဂျန်ဟိုကနေ ဆိုးလ်မှာ ရှိတဲ့ သူ့ရုံးက ဝန်ထမ်းမန်နေဂျာကို video call ခေါ်ခဲ့ရာမှာ LTE ထက် ပိုပြီး ရုပ်သံ ရှင်းလင်းပြတ်သားမှု ရှိသလို တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်ပြောရာမှာလည်း မြန်ဆန်တယ်လို့ဆိုပါတယ်။ SK Telecom ဟာ 5G ဝန်ဆောင်မှုတွေကို တောင်ကိုရီးယား မြို့ပေါင်း ၁၃ မြို့မှာ လွှမ်းခြုံနေပြီ ဖြစ်ပါတယ်။

KT တယ်လီကွန်းကလည်း 5G ဝန်ဆောင်မှုမှာ Lota စက်ရုပ်ကုမ္ပဏီကို  ပထမဆုံးဖောက်သည်အဖြစ် ရရှိထားပါတယ်။ တစ်ဘက်မှာလည်း KT ဟာ ဆိုးလ်နဲ့တစ်ခြား မြို့ကြီး ၆ မြို့မှာ 5G အခြေခံအဆောက်အဦတွေ တည်ဆောက်နေပြီး မြေအောက်ကျည်ဆံရထားတွေ အပါအဝင် မြို့ကြီး ၂၄ မြို့မှာပါ လွှမ်းခြုံနိုင်ဖို့စီစဉ်နေပါတယ်။

LG Uplus ဟာ တောင်ကိုရီးယားမှာ 5G base station အများဆုံး ရှိတဲ့ အော်ပရေတာ ဖြစ်ပြီး 5G base station ပေါင်း ၄၁၀၀ ရှိသလို နှစ်ကုန်ပိုင်းမှာ ၇၀၀၀ အထိ တိုးချဲ့သွားဖို့ရှိပါတယ်။ ထူးခြားတာက LG Uplus ဟာ Huawei ထုတ် 5G တယ်လီကွန်းပစ္စည်းတွေ သုံးတဲ့ တစ်ခုတည်းသော carrier ဖြစ်နေတာပါ။

Photo: thenextweb

 

အစောပိုင်းက ဒီတယ်လီကွန်း ၃ ခုဟာ ၂၀၁၉ မတ်လရောက်မှ 5G services တွေ ပေးဖို့မျှော်လင့်ထားခဲ့တာပါ။ ယခုနှစ် နှစ်လယ်ကပဲ 5G နည်းပညာ စံသံမှတ်ချက်အတွက် အာရှ ၃ နိုင်ငံဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယားနဲ့တရုတ်တို့သဘောတူညီချက် ရယူနိုင်ခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က